A d v e r t i s e m e n t With Us

ငြိမ်း​ချမ်း​ရေး​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ မိတ်ဆက်​ဆွေး​နွေး​ပွဲ

ကိုမင်း​ကိုနိုင် ​ခေါင်း​ဆောင်တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ ​တောင်ကြီး​မြို့​ခံလူထုနဲ့​ ​တွေ့​ဆုံပြီး​ အရပ်ဘက်လူ့​အဖွဲ့​အစည်း​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ ထူ​ထောင်လှုပ်ရှား​ကြဖို့​ တိုက်တွန်း​ပါတယ်။ ကိုမင်း​ကိုနိုင်က “အရပ်ဘက် လူ့​အဖွဲ့​အစည်း​တွေ အား​ကောင်း​ဖို့​ ဘာ​ကြောင့်​လိုသလဲဆို​တော့​ အရပ်ဘက်လူ့​အဖွဲ့​အစည်း​တွေ အား​မ​ကောင်း​ရင် လက်နက်ကိုင် အဖွဲ့​အစည်း​ကပဲ အား​ကောင်း​ပါလိမ့်​မယ်။ လက်နက်ကိုင် အဖွဲ့​အစည်း​ ဆိုတာက​တော့​ လက်နက်ကို အား​ကိုး​တာ​ပေါ့​။ ဒါက​တော့​ ရှင်း​ပါတယ်။ အဲဒီ​တော့​ ​တောရိုင်း​ဥပ​ဒေလို နိုင်ရာစား​ အား​ကြီး​တဲ့​သူက အား​ငယ်တဲ့​သူကို ဗိုလ်ကျအနိုင်ကျင့်​တဲ့​ ​တောရိုင်း​ဥပ​ဒေလို မဖြစ်ရ​အောင် ကျ​နော်တို့​ အရပ်သား​တွေက ညီညွတ်ဖို့​၊​ ​ကျောချင်း​ကပ်ထား​ဖို့​၊​ လက်ချင်း​ချိတ်ထား​ဖို့​၊​ ဒါကိုပဲ စကား​လုံး​အ​နေနဲ့​ပြော​တော့​ အရပ်ဘက် လူ့​အဖွဲ့​အစည်း​တွေ အား​ကောင်း​ဖို့​လို့​ ​ပြောကြတာပါ။” ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ လွှတ်​တော်ပြင်ပနိုင်ငံ​ရေး​ကို လုပ်​ဆောင်ဖို့​ ​ရွေး​ချယ်ခဲ့​တယ်လို့​လည်း​ သူက ​ပြောဆိုရှင်း​လင်း​ပါတယ်။ “ကျ​တော်တို့​တ​တွေ ​နောက်ဆုံး​ ​ထောင်ကလွတ်တဲ့​အချိန်မှာ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် အန်အယ်လ်ဒီက လွှတ်​တော်တွင်း​ ဝင်​ရောက် ယှဉ်ပြိုင်မယ်လို့​ ဆုံး​ဖြတ်ပြီး​ချိန် ဖြစ်ပါတယ်။ အဲဒီလို လွှတ်​တော်တွင်း​မှာ ဥပ​ဒေပြု​ရေး​အာဏာအတွက် ဥပ​ဒေပြု​ရေး​ ကြိုး​စား​ကြမယ်ဆိုတဲ့​ အင်အား​စု​တွေ အား​မွေး​နေတဲ့​အချိန်မှာ လွှတ်​တော် အပြင်မှာရှိတဲ့​ သာမန်ပြည်သူ​တွေနဲ့​ အတူ​နေပြီး​တော့​ လွှတ်​တော်ပြင်ပ နိုင်ငံ​ရေး​ကို လုပ်ဖို့​ အင်အား​စုတရပ် မဖြစ်မ​နေ လိုအပ်တယ်လို့​ ယူဆတဲ့​အတွက် လွှတ်​တော်ပြင်ပနိုင်ငံ​ရေး​ကို လုပ်​ဆောင်ဖို့​ ဆုံး​ဖြတ်ခဲ့​တာဖြစ်တယ်။ “ပြည်သူလူထုနဲ့​အတူ​နေ ပြည်သူလူထုနဲ့​ အတူ​ပြောဆို၊​ ပြည်သူလူထုရဲ့​ အသံကိုနား​ထောင်၊​ ပြည်သူလူထုနဲ့​အတူ အခွင့်​အ​ရေး​တွေ ​တောင်း​ဆိုတဲ့​ နိုင်ငံ​ရေး​နည်း​လမ်း​ဖြစ်တဲ့​ အရပ်ဖက်လူ့​အဖွဲ့​အစည်း​မှာ ​နေမယ်လို့​ ဆုံး​ဖြတ်တာပါ။” ဒီမနက် ဆယ်နာရီခန့်​က ​တောင်ကြီး​မြို့​ ရှမ်း​စာ​ပေနဲ့​ယဉ်​ကျေး​မှုအသင်း​ပိုင် မင်္ဂလာခန်း​မမှာ ကျင်း​ပတဲ့​ ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ ​ဆွေး​နွေး​ပွဲမှာ ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​နဲ့​ ကိုမင်း​ဇေယျာတို့​က ​ဟော​ပြောခဲ့​ကြပြီး​ တက်​ရောက်လာသူ​တွေနဲ့​ အပြန်အလှန် ​မေး​မြန်း​ဆွေး​နွေး​ကြပါတယ်။ ​တောင်ကြီး​မြို့​ခံလူထုက ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေကို အခမ်း​အနား​ မစတင်ခင်မှာ နှင်း​ဆီနီတပွင့်​ဆီ လက်​ဆောင်​ပေး​ခဲ့​ကြပါတယ်။ အဲဒီနှင်း​ဆီပန်း​တွေကို ကိုယ်စီကိုင်ထား​တဲ့​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ၂၀ ခန့်​ဟာ စင်မြင့်​ပေါ်ကို တက်​ရောက်ပြီး​ အကျဉ်း​ထောင်တွင်း​ ​သေဆုံး​ခဲ့​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေအတွက် ဆု​တောင်း​ပြီး​ အသင့်​ချထား​တဲ့​ အနက်​ရောင်ပိတ်စ​ပေါ်မှာ တင်ခဲ့​ကြတယ်လို့​ အခမ်း​အနား​ တက်​ရောက်​နေသူတဦး​က ​ပြောပါတယ်။ ​နေ့​ခင်း​ပိုင်း​မှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ ရှမ်း​အပစ်ရပ်အဖွဲ့​တွေ၊​ နိုင်ငံ​ရေး​ပါတီ​တွေ၊​ အစိုး​ရမဟုတ်တဲ့​အဖွဲ့​တွေ၊​ ပရဟိတအသင်း​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ကြမှာ ဖြစ်ပါတယ်။ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ ငြိမ်း​ချမ်း​ရေး​ ပွင့်​လင်း​ လူ့​အဖွဲ့​အစည်း​ မိတ်ဆက် ​ဆွေး​နွေး​ပွဲ​တွေကို ဧရာဝတီတိုင်း​၊​ စစ်ကိုင်း​တိုင်း​၊​ မ​ကွေး​တိုင်း​၊​ ကယား​ပြည်နယ်၊​ ကချင်ပြည်နယ်​တွေကို သွား​ရောက်​ဆွေး​နွေး​ခဲ့​သလို အခု ရှမ်း​ပြည်နယ်ကို ​ရောက်ရှိ​နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up