A d v e r t i s e m e n t With Us

မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၉ဘီလီယံခွဲကျော်ရှိနေ

ဓာတ်ပုံ - CEN
  နိုင်ငံတော်အနေနဲ့ ပြည်ပနိုင်ငံတွေကို ပေးစရာအကြွေး ၂၀၁၇ စက်တင်ဘာ ၃၀ ရက်အထိ  အမေရိကန်ဒေါ်လာသန်းပေါင်း ၉၅၇၁ကျော်ရှိနေတယ်လို့ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေငှထားတဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ဖော်ပြထားတာပါ။ တရုတ်နိုင်ငံကို ဒေါ်လာသန်းပေါင်း ၃၉၀၀ ကျော် ပေးဆပ်ဖို့ ရှိနေပြီး အများဆုံး ဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ ဂျပန်နိုင်ငံဖြစ်ပြီး ဒေါ်လာသန်းပေါင်း ၂၁၀၀ ကျော် ရှိပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပေးဆပ်စရာအကြွေး ဒေါ်လာသန်းပေါင်း ၃ ထောင်ကျော်နဲ့ အများဆုံး ဖြစ်ပါတယ်။ သူ့နောက်မှာတော့ စီမံ/ဘဏ္ဍာဝန်ကြီးဌာနက ဒေါ်လာသန်းပေါင်း ၂ ထောင်ကျော်၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့  စက်မှု ဝန်ကြီးဌာနတွေက ဒေါ်လာ သန်းပေါင်း ၁၄၀၀ ကျော်နဲ့ အများဆုံး ပေးဆပ်ရဖို့ ရှိနေတာပါ။ စီမံကိန်းဥပဒေကြမ်းအရ ၂၀၁၈ ဧပြီကနေ စက်တင်ဘာလအထိ ပြည်ထောင်စုရဲ့ စုစုပေါင်းရငွေက ၈၄၉၂ ဘီလီယံ (ကျပ်သန်းပေါင်း ရှစ်သန်းလေးထောင်ကျော်) ဖြစ်ပြီး သုံးငွေက ၁၀၆၇၈ ဘီလီယံ ဖြစ်တာကြောင့် လိုငွေ ၂၁၈၆ ဘီလီယံ (ကျပ်သန်းပေါင်း နှစ်ထောင်ကျော်) ဖြစ်တယ်လို့ လျာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up