မြို့ပြငလျင်ဘေးရင်ဆိုင်တုံ့ပြန်နိုင်ရန် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းစတင်
သူဇာလင်း
·
January 16, 2018
မြို့ပြတွေမှာ ဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့တဲ့အခါမှာ ဘယ်လို တုံ့ပြန်ကာကွယ်ရမယ်ဆိုတဲ့ စွမ်းရည်မြှင့်တင်နိုင်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းကျင်းပတဲ့ ညီလာခံကို ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပပါတယ်။
United Nation Universities ရဲ့ ရန်ပုံငွေပံ့ပိုးမှုနဲ့ ငလျင်ဘေးအန္တရာယ် ထိခိုက်နိုင်ခြေ မြင့်မားတဲ့ နီပေါနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းပြီး ဘေးအန္တရာယ်တွေ ရင်ဆိုင်တုံ့ပြန်နိုင်ရေး စွမ်းရည်မြှင့်တင်နိုင်ရေးဆိုင်ရာ စီမံကိန်းတရပ်ကို ၃ နှစ်အကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အဲဒီစီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပါဝင်ခဲ့ကြပြီး ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်ရဲ့ နည်းပညာပံ့ပိုးမှုနဲ့ ပုဇွန်တောင်မြို့နယ်နဲ့ တာမွေမြို့နယ်မှာ လူထုအခြေပြု ဘေးအန္တရာယ် ကာကွယ်ရေးအတွက် သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာပါ။