A d v e r t i s e m e n t With Us

အင်ဒိုနီးရှား စတော့အိတ်ချိန်း အဆောက်အဦ ပြိုကျမှုကြောင့် ဒဏ်ရာရသူ ၇၀ ကျော်ရှိ

ဓာတ်ပုံ - Indonesian police
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ စတော့အိတ်ချိန်း အဆောက်အဦ ကြမ်းခြင်းပြိုကျတာကြောင့်  ဒဏ်ရာရသူ အရေအတွက်ဟာ ၇၇ ဦးအထိ ရှိပါတယ်။ ပြိုကျမှုကြောင့် အဆိုးဆုံး ထိခိုက်ဒဏ်ရာရတာဟာ အရိုးကျိုးတာဖြစ်ပြီး လူသေဆုံးတာတော့ မရှိဘူးလို့ စီလုံဆေးရုံ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ “အဆိုးဆုံးဒဏ်ရာက အရိုးကျိုးတာပဲ။ နောက်ထပ် လူနာ ၃ ဦးလည်း အရိုးကျိုးတယ်လို့ သံသယရှိပါတယ်။ ဒါပေမယ့် MRI ဖြစ်ဖြစ် CT စကင်ဖြစ်ဖြစ် ရိုက်ပြီးမှ အတည်ပြုနိုင်မှာပါ။” ၁၉၉၀ ဝန်းကျင် နှောင်းပိုင်းက ဆောက်လုပ်ခဲ့တဲ့ စတော့အိတ်ချိန်း အဆောက်အဦဟာ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း ရုံးခန်းတွေတည်ရှိရာ တာဝါနှစ်ခုပါ အဆောက်အဦအတွင်း တည်ရှိပါတယ်။ အဲဒီအဆောက်အဦဟာ ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ် စက်တင်ဘာလက အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ကားဗုံးခွဲတိုက်ခိုက်မှုကို ခံခဲ့တယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up