A d v e r t i s e m e n t With Us

မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဈာပန (ဓာတ်ပုံ)

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော (အသက် ၆၈-နှစ်)ရဲ့ ဈာပနကို ဒီကနေ့မွန်းလွဲပိုင်းက မန္တလေးမြို့မှာ ကျင်းပပါတယ်။ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောဟာ ဦးနှောက်သွေးကြောပြတ်ပြီး မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရာက ဒီကနေ့မနက်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး  သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီနေ့ မွန်းလွဲပိုင်းက  မီးသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမြို့ ၃၅ လမ်း ၆၅ × ၆၆ ကြားရှိ ရှမ်းတိုင်းသားများ သာရေးနာရေးအသင်းရုံးမှာ မွန်းလွဲ ၁၂ နာရီခွဲလောက်က ပင့်သံဃာတွေက သရဏဂုံတင်ခဲ့ပြီး မွန်းလွဲ ၃ နာရီမှာ တောင်အင်းမြောက်အင်းသုသာန်ကို ပို့ဆောင်သဂြုင်္ိဟ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up