ဆန်းချက်ဇ်ကိုခေါ်ယူရေး မန်စီးတီးလက်လျှော့၊ မန်ယူ ဆက်လက်ကြိုးပမ်း

1.3K
အာဆင်နယ်ကစားသမား ဆန်းချက်ဇ်ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းက လက်လျှော့လိုက်ပြီလို့ သိရပါတယ်။
ဆန်းချက်ဇ်ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းက ပထမဆုံး ကြိုးပမ်းခဲ့တာဖြစ်ပြီး မန်ယူအသင်းကလည်း ခေါ်ယူဖို့ အပြိုင်ကြိုးစားနေတာပါ။
မန်စီးတီးအသင်းအနေနဲ့ ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးတော့မယ့် ဆန်းချက်ဇ်အတွက် ပေါင်သန်း ၂၀ လောက်ပဲ ပေးချေလိုတဲ့ဆန္ဒရှိပြီး အာဆင်နယ်အသင်းက ပယ်ချခဲ့တာကြောင့် လက်လျှော့လိုက်တာလို့ သိရပါတယ်။
လက်ရှိအချိန်မှာ ဆန်းချက်ဇ်ကို ခေါ်ယူဖို့အတွက် မန်ယူအသင်းက ဆက်လက်ကြိုးပမ်းနေပြီး ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားလာတယ်လို့ ဒေးလီမေးလ်သတင်းစာက ဖော်ပြပါတယ်။
မန်ယူနည်းပြ မော်ရင်ဟိုကတော့ ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ကို အာဆင်နယ်အသင်းပိုင်ရှင်နဲ့ နည်းပြကပဲ သိနိုင်ပြီး အခွင့်အရေးရမယ် ဆိုရင်တော့ ခေါ်ယူသွားမယ်လို့ ပြောကြားထားပါတယ်။