A d v e r t i s e m e n t With Us

လစ်ဗျားမြို့တော်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်၊ လူ ၂၀ ခန့်သေဆုံး

ဓာတ်ပုံ - ရိုက်တာ
လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမှာ ဇန်နဝါရီ ၁၅ ရက်နေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့လို့ လူ ၂၀ လောက်သေဆုံးပြီး လေဆိပ်ကိုလည်း ပိတ်ထားရပါတယ်။ စက်သေနတ်နဲ့ အမြောက်သံတွေကို ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ မြို့ထဲကနေ ကြားနေရပါတယ်။ ထရီပိုလီမြို့ အရှေ့ပိုင်းရှိ အရပ်ဘက်လေကြောင်းလိုင်း အားလုံးကို ပြေးဆွဲနေတဲ့ မက်တီဂါ လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပစ်ခတ်သံတွေ တိတ်သွားတဲ့အထိ လေကြောင်း ခရီးစဉ်တွေကို ရပ်ဆိုင်းထားတယ်လို့ ပြောပါတယ်။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘက်ရှာကို သစ္စာခံသူတွေက မက်တီဂါလေဆိပ်ကို တိုက်ခိုက်ခဲ့တယ်လို့ လစ်ဗျားအစိုးရနဲ့ ပူးပေါင်းနေတဲ့ အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့ (ရာဒါ) က ပြောပါတယ်။ ရာဇဝတ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတာဝန် ထမ်းဆောင်နေပြီး မက်တီဂါလေဆိပ်နားမှာရှိတဲ့ အကျဉ်းထောင်ကို ထိန်းချုပ်ထားတဲ့ ရာဒါအထူးတပ်ဖွဲ့ဟာ ထရီပိုလီမှာ အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ပါ။ အကြမ်းဖက်အဖွဲ့တွေဟာ အကျဉ်းထောင်က သူတို့ရဲ့လူတွေကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားရာက ရာဒါအထူးတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up