Home
မြန်မာသတင်း
မန္တလေးအလုံပိတ်ခန်းဆိုင်ပိုင်ရှင်နှင့် တာဝန်ခံများကို ဖမ်းဆီးထောင်ချ
ပိုင်စိုး
·
January 16, 2018
26731476_1476255982471625_6461924985678809856_n
  မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်​​တော်​ကြီး ကန်​ပတ်​လမ်းမှာ အလုံပိတ်​အခန်းတွေ ပြုလုပ်ပြီး စုံတွဲတွေ လက်ခံဆောင်ရွက်နေတဲ့ ဆိုင်တွေရဲ့ ပိုင်ရှင်နဲ့ တာဝန်ခံတွေကို ဖမ်းဆီး ထောင်ချလိုက်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ပါတယ်။ အလုံပိတ်ဆိုင် ၉ ဆိုင်ကို စည်ပင်ရဲ၊ ဝန်ထမ်းတွေနဲ့ နယ်မြေခံရဲတွေက ဇန်နဝါရီ ၁၃ ရက်မှာ ဝင်ရောက်စစ်ဆေးဖမ်းခဲ့တာပါ။ စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး) က တပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအောင်က “အဓိက ကတော့ ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ စည်ပင်နယ်နမိတ်ထဲမှာ ကော်မတီက ခွင့်မပြုတဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်တာပေါ့။ မနေ့ကပဲ ထောင်ဒဏ် ၆ လစီချလိုက်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ အမျိုးသမီးတယောက်အပါအဝင် ပိုင်ရှင်နဲ့ တာဝန်ခံ ၉ ယောက်ကို စည်ပင်သာယာ အထူးတရားရုံးက ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ ဒီထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဖမ်းဆီးဒဏ်ငွေရိုက်ခဲ့တဲ့ လုပ်ငန်းလေးခုလည်း ပါပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024