ဗြိတိန်လေပိုင်နက်အနီး ရောက်လာသည့် ရုရှားဗုံးကြဲလေယာဉ်များကို ဟန့်တား

1.3K
ဗြိတိန်လေပိုင်နက်အနားကို ရောက်လာတဲ့ ရုရှားဗုံးကြဲလေယာဉ်တွေကြောင့် ဗြိတိန်တော်ဝင်လေတပ်က တိုင်ဖွန်းအမျိုးအစား ဂျက်လေယာဉ် ၂ စင်းဟာ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အရေးပေါ် ပျံတက် ဟန့်တားခဲ့ရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဗြိတိန်လေပိုင်နက်အနီး ရောက်လာတဲ့ ရုရှားဗုံးကြဲလေယာဉ်တွေဟာ လေကြောင်းထိန်းချုပ်ရေးစခန်းရဲ့ ဆက်သွယ်မှုကို မတုံ့ပြန်ခဲ့တာကြောင့် စကော့တလန်နယ် မိုရေးမြို့အခြေစိုက်စခန်းက တိုင်ဖွန်းဂျက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရတာပါ။
အခုဖြစ်ရပ်ဟာ ဗြိတိန် လေပိုင်နက်နားမှာ ရုရှားဂျက်လေယာဉ်တွေ ပျံသန်းမှု နောက်ဆုံးဖြစ်ရပ်ပါ။
ရုရှားဟာ ဗြိတိန်ရဲ့ အချိန်နဲ့တပြေးညီ တုံ့ပြန်မှုကို စမ်းသပ်ချင်တာကြာင့် အခုလို လုပ်နေတာလို့ ရှုမြင်သုံးသပ်နေကြကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။