စက်မှုဝန်ကြီးဌာနက အိပ်ရာခင်းနှင့်ခေါင်းအုံးစွပ်များ ထုတ်လုပ်ရောင်းချ
DVB
·
January 16, 2018
စက်မှုဝန်ကြီးဌာနက အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေပြီလို့ ကြေညာပါတယ်။
ချည်သားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ နှစ်ယောက်အိပ် အိပ်ရာစွပ်၊ ခေါင်းအုံးစွပ်နဲ့ ဖက်လုံးစွပ်တွေကို အစုံလိုက်ရောင်းချပေးနေပြီလို့ ဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ကြော်ငြာထားတာပါ။ ဒီဇိုင်းနဲ့ အရောင်စုံရှိပြီး တစုံကို ၁၈၅၀၀ ကျပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က အနောက်မရမ်းကုန်း အရောင်းဆိုင်၊ ဗိုလ်ဆွန်ပက်လမ်း အောက်ဘလောက် အရောင်းဆိုင်၊ နေပြည်တော်က စက်မှုဝန်ကြီးဌာနအရောင်းဆိုင်၊ မြို့မဈေးအရောင်းဆိုင်နဲ့ အမှတ် ၃ အကြီးစားစက်မှုလုပ်ငန်း ရောင်းချဖြန့်ဖြူးရေးဌာနတွေမှာ ဝယ်ယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။