အမေရိကန်တွင် အကြီးစားမိုတယ်တလုံး မီးလောင်၍ ငြှိမ်းသတ်နေစဉ် မိုတယ်ပြိုကျ (ရုပ်သံ)
Published By
DVB | 16 January, 2018
1.5K
0
Share
0
Comment
0
Likes
အမေရိကန်ပြည်ထောင်စု ကန်ဆပ်စ်ပြည်နယ် လောရန့်မြို့မှာ ဇန်နဝါရီ ၁၅ ရက်နေ့က အကြီးစားမိုတယ်တလုံး မီးလောင်ခဲ့ပါတယ်။
ဒေသစံတော်ချိန် နေ့လယ်ပိုင်းလောက်မှာ America’s Best Value မိုတယ် မီးလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေက မိုတယ်ကို မီးငြှိမ်းသတ်ဖို့ ကြိုးစားနေချိန်မှာပဲ မိုတယ်ဟာ မီးလောင်ရင်းတန်းလန်း ပြိုကျခဲ့ပါတယ်။
အခုအဖြစ်အပျက်ကြောင့် လူအသေအပျောက် ရှိမရှိကိုတော့ မသိရသေးပါဘူး။
ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းတွေအရ သုံးထပ်မိုတယ် အဆောက်အဦတခုလုံး မီးစွဲလောင်နေပြီး မီးတောက်တွေက မိုတယ်ခေါင်မိုးတခုလုံးကို ဖုံးအုပ်ထားပါတယ်။
နေ့လယ်ခင်းနှောင်းပိုင်းအချိန်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် မိုတယ်တခုလုံးကတော့ မီးလောင်ပျက်စီးခဲ့ပါတယ်။