A d v e r t i s e m e n t With Us

ကလေးဝ-မင်းကင်းလမ်းတွင် ပါဂျဲရိုးကား ၁ စီး လမ်းဘေး ချောက်ထဲ ထိုးကျ

က​လေးဝ-မင်းကင်း ကားလမ်း မိုင်​တိုင်​အမှတ်​ ၇၆/၇၇ ကြားမှာ ဇန်​နဝါရီ ၁၅ ရက်​က  ပါဂျဲရိုးအမျိုးအစား ယာဉ်ငယ်တစီး လမ်းဘေးချောက်ထဲ ပြုတ်ကျခဲ့ပါတယ်။ “ကားက ချောက်ထဲ ပြုတ်ကျတာ ပေ ၁၅၀ လောက် ရောက်သွားတယ်။ အဲဒီကားထဲက အမျိုးသမီးတဦးတော့ တော်တော်နာသွားတယ်”လို့ လမ်းကြုံပြီးဝင်ကူညီခဲ့သူတဦးက ပြောပါတယ်။ ကားပေါ်မှာ ယာဉ်မောင်းအမျိုးသားတဦးနဲ့ လမ်းကြုံလိုက်သူ အမျိုးသမီး သားအမိ နှစ်ဦးတို့ ပါဝင်ပြီး ကား​ရှေ့ဘီး​ပေါက်​ပြီး လမ်းယာဘက်​​ ချောက်​ထဲကို ပြုတ်​ကျ တိမ်း​မှောက်​ခဲ့​တာပဲ ဖြစ်ပါတယ်။ ချောက်ထဲ မတော်တဆ ပြုတ်ကျခဲ့တဲ့ ကားဟာ က​လေးဝမြို့ကနေ မင်းကင်းမြို့ကို ခရီးနှင်လာတဲ့ ကားဖြစ်ပြီး အသက်​ ၄၅ နှစ်​​အရွယ် ဦးမြင့်ဆွေ ဆိုသူ မောင်းနှင်​လာတာပဲ ဖြစ်ပါတယ်။ လမ်းကြုံ လိုက်ပါလာသူတွေကတော့ မင်းကင်းနယ် မြို့မရွာက မိခင်ဖြစ်သူ ဒေါ်စန်းစန်းမြင့်နဲ့ ၃ နှစ်အရွယ် သမီးဖြစ်သူ မရွှန်းလဲ့ဟန်သာတို့ဖြစ်ပြီး ဒေါ်စန်းစန်းမြင့် တဦးတည်းသာ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ “ဒေါ်စန်းစန်းမြင်​က ခါးနာကျင်​ဒဏ်​ရာ ဝဲဘက်​​ခြေ​ထောက်​ ပွန်းပဲ့ဒဏ်​ရာရတယ်။ စိုးရိမ်​ရတဲ့ အခြေအနေရှိတယ်။ သမီးဖြစ်​တဲ့ ၃ နှစ်သမီးလေးက ညာဘက်​ပါးပွန်းပဲ့ဒဏ်​ရာနဲ့ ညာဘက်​​မေးပွန်းပဲ့ဒဏ်​ရာရ နည်းနည်းပဲ ရခဲ့တယ်။ ယာဉ်​​မောင်းကတော့ ဒဏ်​ရာရရှိခဲ့တာ မရှိဘူး” လို့ မင်းကင်းမြို့မှာ နေထိုင်တဲ့ အမျိုးသားတဦးက ဆိုပါတယ်။ ယာဉ်မတော်တဆ တိမ်းမှောက်မှုကြောင့် ယာဉ်​​မောင်းဖြစ်​သူ ​ဦးမြင့်​​ဆွေကို မင်းကင်းမြို့မရဲစခန်းက (ပ)၁/၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့် အ​ရေးယူ​ထားပါတယ်။ သတင်း - မင်းရဲစစ်နိုင်

A d v e r t i s e m e n t With Us

More News
Up