A d v e r t i s e m e n t With Us

ပြည်ထောင်စုဝန်ကြီး ၁ ဦး ပြောင်းလဲခန့်အပ်၊ ပြန်ကြားရေးဒုဝန်ကြီးသစ်ခန့်အပ်

  ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၀န်ကြီးအဖြစ် ၀န်ကြီးဌာန နှစ်ခုကို ပူးတွဲတာဝန်ယူနေရတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်တွေအရ ပြောင်းလဲခန့်အပ်တာဝသန်ပေးလိုက်တာလို့ သမ္မတ ဦးထင်ကျော် အမိန့်နဲ့ ထုတ်ပြန်တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့စွဲပါ သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလားတူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးအဖြစ် ဦးအောင်လှထွန်းကို ခန့်အပ်တာဝန်ပေးလိုက်တဲ့အကြောင်းလည်း သမ္မတရုံးက သီးခြားထုတ်ပြန်ကြေညာ ထားပါတယ်။ ဦးအောင်လှထွန်းဟာ ရိုက်တာသတင်းဌာနမှာ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ ၀ါရင့်သတင်းသမားတဦးဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှာ ဒုဥက္ကဋ္ဌ ၁ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်ကို ခန့်အပ်ဖို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပြီး ကန့်ကွက်လိုသူတွေအနေနဲ့ သက်ဆိုင်ရာ အရည်အချင်းတွေနဲ့ မပြည့်စုံကြောင်း သက်သေပြပြီး ကန့်ကွက်ဖို့ အမည်စာရင်း ပေးသွင်းနိုင်တယ်လို့ ဒီကနေ့ လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up