A d v e r t i s e m e n t With Us

အီရတ်တွင် အသေခံဗုံးခွဲမှု ၂ ခု ဆက်တိုက်ဖြစ်၊ အနည်းဆုံး အယောက် ၃၀ သေ

ဓာတ်ပုံ - ရိုက်တာ
အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့လယ်က တေရန်ရင်ပြင်မှာ ဒီကနေ့ အသေခံဗုံးဖောက်ခွဲမှု ၂ ခု ဆက်တိုက်ဖြစ်ပွားလို့ အနည်းဆုံး လူအယောက် ၃၀ သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အီရတ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ ၃ ရက်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်မှုပါ။ ဗုံးခွဲတိုက်ခိုက်တာတွေဟာ တနင်္လာမနက်ပိုင်း လူသွားလူလာများချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ဖောက်ခွဲမှုအတွင်း ဒဏ်ရာပြင်းထန်သူများလို့ သေဆုံးသူ မြင့်တက်လာနိုင်သေးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ တိုက်ခိုက်မှုဖြစ်တဲ့နေရာဟာ မနက်ခင်းပိုင်း အလုပ်ရှာသူတွေ စုနေလေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံထဲက အိုင်အက်စ် အကြမ်းဖက်အဖွဲ့တွေ သိမ်းထားတဲ့ နေရာတော်တော်များများကို ပြန်သိမ်းနိုင်ပြီဖြစ်ပေမယ့် အီရတ်နဲ့ အမေရိကန် အရာရှိတွေကတော့ အိုင်အက်စ်အဖွဲ့ဟာ ခွဲထွက်ရေးဆန်ဆန် တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up