A d v e r t i s e m e n t With Us

လူငယ်​​များနိုင်​ငံ​ရေးသိရှိစေရန် အန်အယ်လ်ဒီလူငယ်​ညီလာခံ မြင်းခြံတွင်ကျင်းပ

  မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​မှာ ဒုတိယအကြိမ်​​မြောက်​ လူငယ်​ညီလာခံ ​ရွေးချယ်​ပွဲကို မြင်းခြံမြို့နယ်​ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ရုံးခန်း​မှာ ဒီက​နေ့ ကျင်းပပါတယ်​။ လူငယ်တွေ နိုင်ငံရေးကို သိရှိဖို့အတွက် ခုလို လူငယ်ညီလာခံ ကျင်းပတာလို့ နွားထိုးကြီးမြို့နယ်​ လူငယ်​ညီလာခံကျင်းပ​ရေးအတွက်​ လူငယ်​​ကော်​မရှင်​အဖွဲ့ဝင် ​ဒေါ်ငြိမ်းသက်​နွယ်​က ပြောပါတယ်။ “လူငယ်​ညီလာခံကျင်းပရတဲ့ ရည်​ရွယ်​ချက်​က ပြည်​သူပြည်​သား အားလုံး နိုင်​ငံ​ရေး အ​ခြေအ​နေဆိုတာ သိရမယ်​။ လူငယ်​​တွေလည်း နိုင်​ငံ​ရေးဆိုတာဘာလဲ၊ နိုင်​ငံ​ရေး အ​ခြေအ​နေဆိုတာဘာလဲ၊ လူငယ်​​တွေစိတ်​ထဲမှာရှိ​နေမှ တိုင်းပြည်​ရဲ့ ​ရှေ့ရေးက စိတ်​ချရမှာ​လေ၊ လူကြီး​တွေက​နေ လုပ်​ချင်​ရာလုပ်​သွားတဲ့ အ​ခြေ​နေက​ တစ်​​ဖြည်း​ဖြည်း လက်​ဆင့်ကမ်းတဲ့ အ​မွေဆိုတာ သိသွား​အောင်​လို့၊ လက်​ဆင့်ကမ်းတဲ့အ​မွေဆိုတာ မသိတဲ့အတွက်​ မြန်​မာနိုင်​ငံမှာ သယံဇာတ​တွေတူး​ဖော်​ပြီး လုပ်​ချင်​ရာလုပ်​ခဲ့တာကို ဒီအတိုင်းကြည့်နေရတဲ့အထိ လုပ်​ခဲ့ကြ တာ​လေ။ လူငယ်​​တွေ နိုင်​ငံ​ရေးဆိုတာ သိရမယ်​။ သူတို့မှာ ပိုပြီးတာဝန်​ ရှိတယ်​ဆိုတာ သိရမယ်​။” အနာဂတ်​မှာ အရည်​အချင်းပြည့်ဝတဲ့ မျိုးဆက်​သစ်​​ခေါင်း​ဆောင်တွေ ​ပေါ်​ပေါက်​လာဖို့ လူငယ်​ညီလာခံကို ကျင်းပရတာလို့ မြို့နယ်​လူငယ်​ညီလာခံကျင်းပ​ရေး ​ကော်​မရှင်​အတွင်း​ရေးမှူး ဦးကိုကို​မောင်​ ကပြောပါတယ်။ “ဒီ ညီလာခံက​နေ နိုင်​ငံ​ရေး ​ခေါင်း​ဆောင်​​တွေ​ပေါ်​ပေါက်​လာပြီး သူတို့ကျရာတာဝန်​​တွေ ထမ်းပြီး နိုင်​ငံအကျိုး တိုင်းပြည်​အကျိုး သယ်​ပိုး​ဆောင်​ရွက်​သွားမယ့် လူငယ်​​တွေ ဖြစ်​​ပေါ်လာမယ်​ လို့ ယုံကြည်​ပါတယ်​။ ခု ​ရွေးချယ်​ပွဲမှာလည်း ဒီမိုက​ရေစီနည်းကျအတိုင်း ​ရွေးချယ်​​ပေးသွားမှာ ဖြစ်​ပါတယ်။” ဒီက​နေ့ ကျင်းပတဲ့ လူငယ်​ညီလာခံမှာ မြို့နယ်​လုပ်​ငန်းအဖွဲ့ဝင်​ ၁၉ ဦး ​ရွေးချယ်​မှာဖြစ်​ပြီး အရံ ၁၀ ဦး၊ ​ပေါင်း ၂၉ ဦး ​ရွေးချယ်​သွားမှာလည်း ဖြစ်​ပါတယ်​။ ပြီးခဲ့တဲ့ ဇန်​နဝါရီ ၇ ရက်​​ကလည်း မြင်းခြံမြို့မှာ ခရိုင်းအတွင်းမှာရှိတဲ့ လူငယ်​အဖွဲ့ဝင်​တွေ ​တွေ့ဆုံပွဲကိုလည်း ကျင်းပခဲ့ပါတယ်​။ သတင်း၊ ဓာတ်​ပုံ - ရီရီထွန်း (မြင်းခြံ)

A d v e r t i s e m e n t With Us

More News
Up