ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် နှစ် ၄၀ အတွင်း အပူချိန် အနိမ့်ဆုံးကျဆင်း

ဓာတ်ပုံ - ရိုက်တာ
1.4K
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ၁၉၆၄ ခုနှစ်နောက်ပိုင်း နှစ်လေးဆယ်အတွင်း အပူချိန် အနိမ့်ဆုံးအဆင့်ကို ကျဆင်းခဲ့ပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဒါကာတမြို့လုံး သွားရေးလာရေး အခက်အခဲဖြစ်တဲ့အထိ နှင်းမြူတွေ အုပ်ဆိုင်းနေပါတယ်။
ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်တွေလည်း နှောင့်နှေးခဲ့ပြီး ကားလမ်းပေါ်မှာ ကားတစီးနဲ့တစီးတောင် မမြင်ရတဲ့အခြေအနေ ဖြစ်နေပါတယ်။
မြို့ခံတဦးက သူ့အသက် ၄၅ နှစ်အတွင်းမှာ အခုလောက်အေးပြီး နှင်းမြူတွေ အုပ်ဆိုင်းနေတာမျိုး တခါမှ မတွေ့ခဲ့ဖူးဘူးလို့ ပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဒါကာမြို့ရဲ့ အပူချိန်က ၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းခဲ့တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
အခုလို အအေးလှိုင်းဖြတ်မှုကြောင့် နိုင်ငံမြောက်ပိုင်းမှာ ဖျားနာသေဆုံးသူ ၁၂ ဦးထိ ရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
နိုင်ငံတွင်း ဇန်နဝါရီ တလလုံးမှာ ခုလို မြူဆိုင်းနေမယ်လို့ မျှော်လင့်တယ်၊ မြို့တော်မှာ အနိမ့်ဆုံးအပူချိန် ၁၁ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ဆက်ရှိနေမယ်လို့ ခန့်မှန်းကြောင်း မိုးလေဝသဌာနက ပြောပါတယ်။