ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ ဦးသေ

ဓာတ်ပုံ - ရိုက်တာ
1.1K
ဆီးရီးယားနိုင်ငံ အရှေ့ဂူတာဒေသမှာ ဇန်နဝါရီ ၁၄ ရက်နေ့က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူတဦးသေဆုံးခဲ့ပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
အရှေ့ဂူတာဒေသရှိ အာဘင်နဲ့ နေရာတချို့ကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အင်တာနက်ပေါ်ကရတဲ့ ရုပ်သံဖိုင်တခုအတွင်း မြင်တွေ့ရပါတယ်။
သူပုန်တွေ ထိန်းချုပ်ထားတဲ့ အာဘင်ဒေသကို လေကြောင်းတိုက်ခိုက်မှုမှာ လူငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်ရေးအဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒုံမာဒေသကို ဆီးရီးယားအစိုးရတပ်ဖွဲ့က ရှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့အပြီးမှာ တဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
အရပ်သားကာကွယ်ရေး အဖွဲ့တဖွဲ့ကလည်း ဒဏ်ရာရခဲ့တဲ့ ကလေးငယ်တယောက်ကို ကယ်တင်နေတဲ့ ဗွီဒီယိုဖိုင်ကို အင်တာနက်ပေါ် တင်ခဲ့ပါတယ်။