Home
သတင်းဓာတ်ပုံ
မန္တ​လေးမြို့ စွန့်​ပစ်​အမှိုက်​ စီမံခန့်​ခွဲမှုမဟာဗျူဟာနှင့် လုပ်​ငန်းစီမံချက်​ ​ရေးဆွဲ (သတင်းဓာတ်ပုံ)
DVB
·
January 15, 2018
သယံဇာတနှင့် သဘာဝပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးဝန်​ကြီးဌာန၊ မန္တ​လေးတိုင်းအစိုးရ၊ စည်​ပင်​သာယာ​ရေး​ကော်​မတီ၊ ကုလသမဂ္ဂပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးအစီစဉ်​၊ IGES, CCET စတဲ့ သက်​ဆိုင်​တဲ့ဌာန​တွေ ပူး​ပေါင်းပြီး မန္တ​လေးမြို့ စွန့်​ပစ်​အမှိုက်​ စီမံခန့်​ခွဲမှုမဟာဗျူဟာနှင့် လုပ်​ငန်းစီမံချက်​နဲ့ပတ်သက်​ပြီး ​ရေးဆွဲပြီး မှတ်​တမ်းလွှဲ​ပြောင်းခြင်းကို ဒီ​နေ့ မြို့​တော်​ခန်းမမှာ ပြုလုပ်​ပါတယ်​။ လုပ်​ငန်းစီမံချက်​ထဲမျာ စွန့်​ပစ်​အမှိုက် ​စီမံခန့်​ခွဲမှု လက်​ရှိအ​ခြေ​အနေနဲ့ အနာဂတ်​အတွက်​ ရင်​ဆိုင်​ရနိုင်​မယ့် စိန်​​ခေါ်မူ​တွေ နယ်​ပယ်​အလိုက်​ စီမံခန့်​ခွဲမှု မဟာဗျူဟာ အမှိုက်​စွန့့်​ပစ် ​စီမံခန့်​ခွဲ​ရေး လမ်းညွှန်​​တွေ ပါဝင်​​ရေးဆွဲထားတာ ဖြစ်​ပါတယ်​။ လုပ်​ငန်းစီမံ​ရေးဆွဲ​ရေးအဖွဲ့မှာ ပါဝင်​တဲ့ CCET(Centre Collaborating with UNEP on Environmental Technologies) အဖွဲ့ခေါင်း​ဆောင်​က စွန့်​ပစ်​အမှိုက်​က​နေ စီးပွား​ရေးကဏ္ဍကို ​ပြောင်းလဲနိုင်​ဖို၊ ​ဆောင်​ရွက်​နိုင်​မယ့် ဗျူဟာ​တွေပါ ပါဝင်​တယ်​လို့ ​ပြောပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024