မန္တလေးမြို့ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် ရေးဆွဲ (သတင်းဓာတ်ပုံ)










1.5K
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းအစိုးရ၊ စည်ပင်သာယာရေးကော်မတီ၊ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီစဉ်၊ IGES, CCET စတဲ့ သက်ဆိုင်တဲ့ဌာနတွေ ပူးပေါင်းပြီး မန္တလေးမြို့ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်နဲ့ပတ်သက်ပြီး ရေးဆွဲပြီး မှတ်တမ်းလွှဲပြောင်းခြင်းကို ဒီနေ့ မြို့တော်ခန်းမမှာ ပြုလုပ်ပါတယ်။
လုပ်ငန်းစီမံချက်ထဲမျာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု လက်ရှိအခြေအနေနဲ့ အနာဂတ်အတွက် ရင်ဆိုင်ရနိုင်မယ့် စိန်ခေါ်မူတွေ နယ်ပယ်အလိုက် စီမံခန့်ခွဲမှု မဟာဗျူဟာ အမှိုက်စွန့်ပစ် စီမံခန့်ခွဲရေး လမ်းညွှန်တွေ ပါဝင်ရေးဆွဲထားတာ ဖြစ်ပါတယ်။
လုပ်ငန်းစီမံရေးဆွဲရေးအဖွဲ့မှာ ပါဝင်တဲ့ CCET(Centre Collaborating with UNEP on Environmental Technologies) အဖွဲ့ခေါင်းဆောင်က စွန့်ပစ်အမှိုက်ကနေ စီးပွားရေးကဏ္ဍကို ပြောင်းလဲနိုင်ဖို၊ ဆောင်ရွက်နိုင်မယ့် ဗျူဟာတွေပါ ပါဝင်တယ်လို့ ပြောပါတယ်။