A d v e r t i s e m e n t With Us

လီဗာပူးအိမ်ကွင်း ဖိအားများကို မထိန်းချုပ်နိုင်၍ ရှုံးနိမ့်ခဲ့ဟု မန်စီးတီးနည်းပြ ပြော

လီဗာပူးရဲ့ အန်ဖီးလ်ကွင်းက ဖိအားတွေကို မထိန်းချုပ်နိုင်ခဲ့လို့ ရှုံးပွဲတွေ့ခဲ့တာဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝန်ခံပြောကြားလိုက်ပါတယ်။ ကစားသမားတွေအနေနဲ့ လီဗာပူးရဲ့ အန်ဖီးလ်ကွင်းအတွင်းက ပတ်ဝန်းကျင်မှာ မျောပါသွားပြီး တည်ငြိမ်မှု မရှိခဲ့တာကြောင့် ပွဲကို မထိန်းချုပ်နိုင်ဘဲ ရှုံးပွဲတွေ့ခဲ့တာဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ လီဗာပူးနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲလို ရှုံးထွက်ပွဲတခုအတွက်  သင်ခန်းစာတခု ဖြစ်တယ်လို့လည်း ဂွါဒီယိုလာက ဆိုပါတယ်။ ရှုံးနိမ့်ခဲ့ပေမယ့် ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေရာကနေ ၂ ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကိုတော့ ဂွါဒီယိုလာက ချီးကျူးပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လီဗာပူးအသင်းနဲ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲ တွေ့ခဲ့ပေမယ့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားပြီး ဒုတိယနေရာက မန်ယူအသင်းထက် တပွဲပိုကစားပြီး ၁၅ မှတ်ဖြတ်ထားဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up