A d v e r t i s e m e n t With Us

တရုတ် အဝေးပြေးလမ်းမတွင် လောင်စာဆီတင်ကုန်ကား မီးလောင်၊ ၂ ဦးသေ

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံတောင်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွမ်းရှီးပြည်နယ်မှာ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းက လောင်စာဆီတင် ကုန်ကားတစီး မီးလောင်လို့ လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီကုန်ကားဟာ အဝေးပြေးလမ်းမတခုမှာ တခြားကုန်ကားတစီးနဲ့ တိုက်မိပြီး မီးလောင်ကျွမ်းခဲ့တာပါ။ သိပ်မကြာခင်မှာပဲ မီးသတ်သမားတွေ ရောက်လာပြီး မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မနက် ၉ နာရီ ၁၀ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့လို့ အဝေးပြေးလမ်းမမှာ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ခဲ့ပါတယ်။ ဘာကြောင့် အခုလို ဖြစ်ပျက်ခဲ့သလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up