A d v e r t i s e m e n t With Us

တောင်နှင့် မြောက်ကိုရီးယား ၂ နိုင်ငံ အလုပ်သဘောအဆင့် ဆွေးနွေးပွဲ ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်နိုင်ရေး တောင်၊ မြောက် ကိုရီးယား နှစ်နိုင်ငံ အလုပ်သဘောအဆင့် ဆွေးနွေးပွဲကို နှစ်နိုင်ငံအပစ်ရပ်ထားတဲ့ ပန်မွန်ဂျုံရွာမှာ ဒီကနေ့ ကျင်းပပါတယ်။ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ မူဝါဒရုံးအဖွဲ့မှူးက ဦးဆောင်ပြီး မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ကိုတော့ မြောက်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာတင်ဆက်မှုဗျူရို ညွန်ကြားရေးမှူးက ဦးဆောင်ခဲ့တာပါ။ ဒါ့အပြင် ဆွေးနွေးပွဲကို မြောက်ကိုရီးယား အမျိုးသမီးတေးဂီတအဖွဲ့ ခေါင်းဆောင်လည်း တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲတွေကို နှစ်နိုင်ငံအပစ်ရပ်ရွာရဲ့ မြောက်ကိုရီးယားဘက်ခြမ်းက ငြိမ်းချမ်းရေးအိမ်တော်မှာ ကျင်းပခဲ့တာပါ။ မြောက်ကိုရီးယား အဆိုတော်တွေ၊ အကသမားတွေနဲ့ သံစုံတီးဝိုင်းအဖွဲ့ကို တောင်ကိုရီးယားနိုင်ငံ စေလွှတ်ရေးနဲ့ မြောက်ကိုရီးယား အားကစားသမားတွေ၊ အရာရှိတွေနဲ့ အိုလံပစ်ပွဲအတွက် တာဝန်ရှိသူတွေကို ဆက်လက်စေလွှတ်ရေး ဆွေးနွေးခဲ့တာပါ။ ဒီကနေ့ အစောပိုင်းကလည်း မြောက်ကိုရီးယား နိုင်ငံတကာ အိုလံပစ်ကော်မတီဟာ တောင်ကိုရီးယားဘက်က အဆိုပြုထားတဲ့ နှစ်နိုင်ငံ အမျိုးသမီး ဟော်ကီကစားသမားတွေစုပြီး တသင်းဖွဲ့ကာ အိုလံပစ်ပွဲမှာ ပါဝင်ရေးကို သုံးသပ်နေတယ်လို့ ယွန်ဟတ်သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား အစိုးရဘက်ကတော့ ဒီအကြောင်းကို သူတို့မသိဘူးလို့ တုံ့ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up