A d v e r t i s e m e n t With Us

လူငယ်​ ၅ ဦးထောင်ချခံရသည့်အပေါ်ရှုတ်ချသည့် လက်​ကမ်းစာ​စောင်​များကို တားမြစ်​သိမ်းဆည်း

  အမှန်​တရား​ပေါ်​ပေါက်​ရေးအတွက်​ ဆန္ဒပြ​ခဲ့တဲ့ လူငယ်​ ၅ ဦးကို ​ထောင်​ဒဏ်​ ရက်​ ၂၀ ချမှတ်​ခဲ့တဲ့အပေါ် ကန့်​ကွက်​ရှုတ်​ချ​ကြောင်း  ဒီကနေ့ကျရောက်တဲ့ ကယားပြည်​နယ် ​အထိမ်းအမှတ်​​နေ့မှာ လက်​ကမ်းစာ​စောင်​​တွေ ဖြန့်ဝေခဲ့သူတွေကို အာဏာပိုင်​​တွေက တားမြစ်​​ပြီး လက်​ကမ်းစာ​စောင်​​တွေကို သိမ်းဆည်းခဲ့ပါတယ်​။ လက်​ကမ်းစာ​စောင်​ ဖြန့်​​ဝေရာမှာ ပါဝင်​ခဲ့တဲ့ ကရင်​နီပြည်​ လူငယ်​များသမဂ္ဂအဖွဲ့ဝင်​ ကို​အောင်​နိုင်​စိုးက “လူငယ်​ ၅ ​ယောက်​ကို မတရား​ ထောင်​ချတဲ့အတွက်​ ဒီမတရားမှုကို ပြန်​တွန်းလှန်​ဖို့အတွက်​​ပေါ့​နော်။၊ ကျ​နော်​တို့က အများကို သိရှိ​စေ​အောင်​ လှုပ်​ရှားခြင်း ဖြစ်​တယ်​။ အခု သူတို့က ဒီမျိုးလာသိမ်းရတာက ကျ​နော်​တို့ လုပ်​တာ တရားမဝင်​လို့ လားပေါ့​နော်​။ ဘာဖြစ်​လဲ သူများကို မသိ​စေချင်​လို့လား​ပေါ့​နော်​။ ကျ​နော်​တို့လည်း လာလည်​တဲ့ လူထု​တွေကို အ​နှောင့်အယှက်​​ပေးတာလည်း မရှိပါဘူး။ ကျ​နော်​တို့က လက်​ကမ်းစာ​စောင်​ ​ဝေတယ်​။ ရှင်းပြတာရှိတယ်​။ ဒါ​လောက်​ပဲ ကျ​နော်​တို့ လုပ်​ပါတယ်​။ ပွဲလာတဲ့ လူ​တွေကို ​နှောင့်​ယှက်​တာလည်း မရှိပါဘူး” လို့ ​ပြောပါတယ်​။ ကရင်​နီအမျိုးသားတိုးတက်​​ရေးပါတီ (​ကေအန်​ပီပီ) ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးကို လွိုင်​​ကော်​မြို့နယ်​ ​ကေအန်​ပီပီရဲ့ ယာယီ စစ်​​ဆေး​ရေးဂိတ်​မှာ ဒီဇင်​ဘာ ၂၀ ရက်​​က ကယားပြည်​နယ်​ ​ဒေသကွပ်​ကဲမှု စစ်​ဌာနချုပ်​(ဒကစ) လွိုင်​​ကော်​ လက်​​အောက်​ခံတပ်က ဖမ်းဆီးပြီး သတ်​ဖြတ်​ မီးရှို့ခဲ့တယ်​လို့ သိရပါတယ်​။ ဒီကိစ္စအ​ပေါ် အရပ်​ဘက်​ အဖွဲ့အစည်း ၆ ဖွဲ့က ကန့့်​ကွက်ရှုတ်​ချ​ကြောင်း ​ကြေညာချက်​ ထုတ်​ပြန်​ထားပြီး မြန်​မာနိုင်​ငံတဝန်းလုံးရှိ အရပ်​ဘက်​အဖွဲ့အစည်း ၁၆၃ ဖွဲ့က ဝန်းရံ​ ထောက်​ခံ ထားပါတယ်​။ ကယားပြည်​နယ်​က လက်​နက်​အဖွဲ့ ၂ ဖွဲ့ဖြစ်​တဲ့ ကရင်​နီပြည်​ လူမျိုး​ပေါင်းစုံ ပြည်​သူ့လွတ်​​မြောက်​​ရေးတပ်​ဦး(ကလလတ)နဲ့ ကယန်းပြည်သစ်​ပါတီ (​ကေအန်​အယ်​ပီ)တို့ကလည်း ဖမ်းဆီးခံထားရတဲ့ လူငယ်​ ၅ ဦးကို ခြွင်းချက်​မရှိ ချက်​ချင်းလွှတ်​​ပေးဖို့်​ ပူးတွဲ​တောင်းဆိုထားပါတယ်။ ဒါ့အပြင် ကယားပြည်​နယ်​ လွှတ်​​တော်​ရဲ့ တိုင်​စာ၊ ပစ်​စာ​ လေ့လာဆန်းစစ်​​ရေး ​ကော်​မတီဝင်​ ၅ ဦးကလည်း ကယားပြည်​နယ်​ရဲ့ တရားစီရင်​​ရေး၊ အုပ်​ချုပ်​​ရေးနဲ့ ဥပ​ဒေပြု​ရေးအဖွဲ့​တွေကို အယုံအကြည်​မရှိလို့ ဇန်​နဝါရီ ၁၀ ရက်​​က နုတ်​ထွက်​သွားခဲ့ပါတယ်​။ သတင်း - ခွန်တူးတူးလေး

A d v e r t i s e m e n t With Us

More News
Up