A d v e r t i s e m e n t With Us

ဖိလစ်ပိုင်ရှိ မီးတောင်ရှင် ချော်ရည်ပူများ မြင့်တက်၊ မီးတောင်အနီးနေထိုင်သူများကို ပြောင်းရွှေ့

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်နိုင်ငံ၊ အယ်လ်ဘေးခရိုင်ထဲက မာယွန် မီးတောင်ရှင်မှာ ချော်ရည်ပူတွေ မြင့်တက်တဲ့လက္ခဏာ တွေ့ရလို့ မီးတောင်ပေါက်ကွဲနိုင်တဲ့ သတိပေးချက် ထုတ်ပြန်ပြီး မီးတောင်အနီးက ရွာ ၂ ရွာမှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နေရပါတယ်။ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ဒီမီးတောင်မှာ မြေအောက်ရေပူတွေ ဇန်နဝါရီ ၁၃ ရက်နေ့မှာ စီးကျခဲ့ပါတယ်။ မီးတောင်အူကြောင်းအဝမှာ အရောင်ဖျော့ဖျော့ တောက်တာနဲ့ တအုန်းအုန်းအသံတွေ ထွက်ခဲ့ပြီး ပြာတွေ၊ ကျောက်တုံးတွေ အန်ထွက်လာတဲ့အပြင် ကန့်အနံ့တွေပါ ရနေတယ်လို့ ဖိလစ်ပိုင် မီးတောင်ဗေဒနဲ့ ငလျင်ဗေဒ လေ့လာရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မီးတောင်ပေါက်ကွဲနိုင်တဲ့ အန္တရာယ် သတိရှိမှု အဆင့် ၂ သတ်မှတ်ထားပါတယ်။ ဒီအဆင့်ဟာ ပိုပြင်းတဲ့ မြေအောက်ရေပူပေါက်ကွဲမှု ဒါမှမဟုတ် အန္တရာယ်ဖြစ်လောက်တဲ့ ချော်ရည်ပူပေါက်ကွဲမှု ဖြစ်နိုင်တဲ့အဆင့်ပါ။ မာယွန်မီးတောင်ဟာ ၂၀၁၄ ခုနှစ်မှာ ချော်ရည်တွေ မှုတ်ထုတ်ခဲ့လို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။ ၁၈၄၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပေါက်ကွဲမှုကြီးတခု ဖြစ်ခဲ့ဖူးပြီး လူ ၁၂၀၀ သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up