A d v e r t i s e m e n t With Us

လက်ပံတောင်းတောင်ဒေသတွင် ရှေးဟောင်းဂူမရှိဟုကြေညာ

  လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းပြန့်နေသလို လက်ပံတောင်းတောင်ဒေသမှာ ရှေးဟောင်းဂူမရှိဘူးလို့  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ ရှေးဟောင်း လူထွင်းဂူတခု တွေ့ရှိပြီး အဲဒီဂူထဲမှာ ပုဂံခေတ်နဲ့အပြိုင် ဒါမှမဟုတ် ပုဂံခေတ်ထက်စောနိုင်တဲ့ ဆင်းတုတော်တွေနဲ့  နံရံဆေးရေးပန်းချီတွေ တွေ့ရတယ်လို့ လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့တာပါ။ အဲဒီရှေးဟောင်းအမွေအနှစ်တွေကို တရုတ်နိုင်ငံကို ခိုးထုတ်ဖို့ စီစဉ်နေတယ်လို့လည်း ရေးသား ဖော်ပြထားတာကြောင့်  စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ်၊ ယင်းမာပင်ခရိုင်နဲ့ မြို့နယ် စီမံခန့်ခွဲရေးကော်မတီဝင်တွေ၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ စစ်ကိုင်းဌာနခွဲ တာဝန်ခံတို့ ပူးပေါင်းပြီး ဒီဇင်ဘာလကုန်ပိုင်းက သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်တွေအရ အဲဒီနေရာက မြေတွေဟာ ပျော့ညံ့လို့ နံရံဆေးရေးပန်းချီတွေ ဆွဲတာ၊ ထွင်းထုတာတွေ လုပ်မရနိုင်ဘူးလို့  သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တွေ့ရတဲ့ တွင်းတွေဟာလည်း သဘာဝအတိုင်းဖြစ်တာ မဟုတ်ဘဲ ဒေသခံတွေ အရင်က သတ္တုရှာဖွေ လုပ်ကိုင်ခဲ့တဲ့တွင်းဟောင်းတွေဖြစ်ပြီး သတ္တုချက်ဖိုတွေဟာလည်း လက်ရှိခေတ်ဖိုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကြေးနီစီမံကိန်းက ဝန်ထမ်းအများစုဟာ ဒေသခံတွေဖြစ်လို့ ရှေးဟောင်းပစ္စည်း အမှန်တကယ် တွေ့ခဲ့ရင်လည်း တရားမဝင် သယ်ဆောင်တာကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ ဝမ်ပေါင် ကြေးနီမိုင်းကုမ္ပဏီတို့ ပူးပေါင်း ဖက်စပ်ဆောင်ရွက်နေတဲ့  ဒြပ်သတ္တုအကြီးစား တူးဖော်ထုတ်လုပ်နေတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ဓာတ်ပုံ- MORAC

A d v e r t i s e m e n t With Us

More News
Up