လက်ဘနွန်တွင် ဗုံးခွဲတိုက်ခိုက်ခံရပြီး ဟားမတ်စ်အရာရှိ ၁ ဦး ဒဏ်ရာရ

လက်ဘနွန်နိုင်ငံ၊ ဆာအီဒွန်မြို့မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ အရာရှိတဦး ဒဏ်ရာရခဲ့ပါတယ်။ ပစ်မှတ်ထား ဗုံးခွဲခံရတဲ့ ပိုဟာမက် ဟမ်ဒမ်ဟာ သူ့ကားထဲကို ဝင်ခါနီးမှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာပါ။ ပေါက်ကွဲမှုဟာ ဆာအီဒွန်မြို့ မြောက်ပိုင်းက လူနေအရပ်မှာဖြစ်ခဲ့ပြီး အခင်းဖြစ်တဲ့နေရာကို လုံခြုံရေးကန့်သတ်လိုက်ပြီလို့ လက်ဘနွန်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဟမ်ဒမ်ကို ဟားမတ်စ်အရာရှိအဖြစ် လက်ဘနွန်မှာ မသိကြပါဘူး။ လက်ဘနွန်မှာ နိုင်ငံရေးနဲ့ စစ်ရေးလုပ်နေတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် အယ်လ်မန်နာ ရုပ်သံသတင်းမှာတော့ ဟမ်ဒမ်ကို ဟားမတ်စ်အဖွဲ့မှာ အရေးပါ အရာရောက်သူလို့ ဖော်ပြပါတယ်။ ဟမ်ဒမ်ဟာ လုံခြုံရေးစောင့်ကြပ်ခံရတဲ့ အဆင့်မှာရှိပြီး အစ္စရေးရဲ့ စောင့်ကြည့်မှု ခံနေရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up