A d v e r t i s e m e n t With Us

ပီရူးတွင် အင်အား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်၊ လူ ၁ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
ပီရူးနိုင်ငံတောင်ပိုင်း အက်ကာရီမြို့မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၁ ရှိ ငလျင်လှုပ်ခတ်ခဲ့လို့ လူတဦးသေဆုံးပြီး နောက်ထပ် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ငလျင်ကြောင့် ယိုကာမြို့မှာ အသက် ၅၅ နှစ်အရွယ် အမျိုးသားတဦး ကျောက်တုံးမှန်ပြီး သေဆုံးခဲ့တယ်လို့ အရီကီပါဒေသ အုပ်ချုပ်ရေးမှူးက သူ့ရဲ့ အင်တာနက် လူမှုကွန်ရက် တွစ်တာမှာ ရေးခဲ့ပါတယ်။ ပီရူးအမျိုးသား ကာကွယ်ရေးအဖွဲ့ကလည်း ငလျင်ကြောင့် ဒဏ်ရာရသူ ၆၅ ဦးရှိတယ်လို့ ပြောပါတယ်။ ငလျင်ကြောင့် အိမ်တွေနဲ့ လမ်းတွေလည်း ပျက်ဆီးခဲ့ပါတယ်။ အခုငလျင်ကြောင့် ပီရူးကမ်းခြေမှာ ဆူနာမီလှိုင်း မဖြစ်နိုင်ဘူးလို့ ပီရူးပင်လယ်လေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ငလျင်ဟာ အက်ကာရီမြို့ကနေ ကီလိုမီတာ ၄၀ အကွာရှိ ပစိဖိတ်သမုဒ္ဒရာအတွင်း မြေအောက်အနက် ၂၂ မိုင်ကျော်လောက်ကနေ ဗဟိုပြုလှုပ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up