ဝန်ကြီးချုပ်အသစ်ခန့်အပ်မည့် ဧရာဝတီတိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေး ရက်ရွှေ့ဆိုင်း





1.3K
လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နေရာ အစားထို့ခန့်အပ်ဖို့အတွက် ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူထားပေမယ့် လွှတ်တော်အစည်းအဝေးကို ဇန်န၀ါရီ ၁၈ ရက်ကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
သမ္မတရုံးက ဝန်ကြီးချုပ်နာမည်စာရင်း အဆိုပြုစာ မရောက်ရှိသေးတဲ့အတွက် ရက်ရွှေ့လိုက်တာလို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ မီဒီယာတွေ လေ့လာသူတွေ ရောက်ရှိစောင့်ဆိုင်းနေ ကြပေမယ့် မနက် ၁၀ နာရီကျော်မှာ အစည်းအဝေးရက်ရွှေ့ဆိုင်းကြောင်း လွှတ်တော်က ကြေညာခဲ့တာပါ။