A d v e r t i s e m e n t With Us

ဆန်းချက်နေရာတွင် အစားထိုးရန် မဲလ်ကွန်ကို အာဆင်နယ် ခေါ်ယူမည်

ဓာတ်ပုံ - အေအက်ဖ်ပီ
အာဆင်​နယ်​အသင်းဟာ အသင်းက​နေထွက်​ခွာဖို့ ဆန္ဒပြင်းပြ​နေတဲ့ အလက်​ဆစ်​ဆန်းချက်​ရဲ့ နေရာမှာ အစားထိုးဖို့အတွက်​ ​ဘော်​ဒိုးအသင်းက ဘရာဇီး တောင်​ပံကစားသမား မဲလ်​ကွန်​ကို ​ခေါ်ယူဖို့ ပြင်​ဆင်​​နေပါတယ်​။ ဘော်​ဒိုးအသင်းဟာ မဲလ်​ကွန်​အတွက်​ ​ပေါင်​ ၄၅ သန်းထိ အလိုရှိ​နေ​ပေမယ့်​ အာဆင်​နယ်​ အသင်းက​တော့​ ပေါင်​ ၃၅ သန်း​လောက်​နဲ့​ ခေါ်ယူလို​နေတာပါ။ အာဆင်​နယ်​အသင်းဟာ မ​နေ့ညက ယှဉ်​ပြိုင်​ကစားခဲ့တဲ့ ဘုန်း​မောက်​အသင်းနဲ့ ပွဲစဉ်​မှာလည်း ​ခြေစွမ်းပိုင်း သိသိသာသာ ဆိုးရွား​နေခဲ့ပြီး​ ပွဲပြီးခါနီးမိနစ်​​တွေမှာ ​ချေပဂိုးနဲ့ အနိုင်​ဂိုး​တွေ ခွင့်​ပြုခဲ့ရလို့ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်​ခဲ့ပါတယ်​။ အာဆင်​နယ်​ပရိသတ်​​တွေက​တော့​ အသင်းရဲ့ရလဒ်​နဲ့ပတ်​သက်ပြီး ​ဒေါသတကြီး ဖြစ်​​နေကြပါတယ်​။ အာဆင်​နယ်​အသင်းအ​နေနဲ့ အို​ဇေးလ်​၊ ဆန်းချက်​ စတဲ့ အဓိက ကစားသမား​တွေ မပါတဲ့ ပွဲစဉ်​တိုင်း ရလဒ်​​တွေ ဆိုးရွား​နေတာ​ကြောင့်​ နည်းပြ အာစင်​ဝင်းဂါးရဲ့ နည်းဗျူဟာပိုင်းကို ​မေးခွန်းထုတ်​​နေကြပါတယ်​။

A d v e r t i s e m e n t With Us

More News
Up