ကယ်လီဖိုးနီးယား ရွှံ့မြေပြိုကျမှုကြောင့် သေဆုံးသူ အယောက် ၂၀ အထိရှိ

ဓာတ်ပုံ - ရိုက်တာ
1.1K
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ရွှံ့မြေပြိုကျမှုကြောင့် သေဆုံးသူဦးရေဟာ အယောက် ၂၀ ရှိသွားပြီဖြစ်ပြီး အသက်ရှင်သူတွေကို ဆက်လက်ရှာဖွေနေပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ နောက်ထပ် အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်း အယောက် ၉၀၀ ရောက်ရှိလာခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေတပ်နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေ အပါအဝင် ဒေသဆိုင်ရာ၊ ပြည်နယ်နဲ့ ဖက်ဒရယ်အေဂျင်စီတွေက ဝန်ထမ်း ၂,၁၀၀ ကျော်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့က လော့စ်အိန်ဂျလိစ်မြောက်ပိုင်း မွန်တီစီတို ဒေသအနီးမှာ မိုးကြီးတာကြောင့် ရွှံ့မြေပြိုမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေရာက စိုက်ခင်းတွေဟာ ပြီးခဲ့တဲ့လက ကယ်လီဖိုးနီးယားသမိုင်းမှာ အကြီးမားဆုံး တောမီးလောင်တာကြောင့် ပျက်စီးခဲ့ရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။