A d v e r t i s e m e n t With Us

ဘုန်းမောက်ကို အာဆင်နယ် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံ)

ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အဖြစ် ဘုန်းမောက်နဲ့ အာဆင်နယ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ဘုန်းမောက်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ၅ ပွဲဆက် နိုင်ပွဲမရဘဲ သရေနဲ့ ရှုံးပွဲတွေပဲ ကြုံတွေ့နေရတာပါ။ ဒီအပြောင်းအရွှေ့ကာလမှာ လှုပ်ခတ်နေတဲ့ အာဆင်နယ် အဓိက ကစားသမား အိုဇေးလ်နဲ့ ဆန်းချက်တို့ မပါဝင်ဘဲ ဂိုး ပီတာဆက်ခ်ျ၊ နောက်တန်း ချမ်ဘာစ်၊ မူစတာဖီ၊ ဟိုးလ်ဒင်း၊ ဘယ်လာရင်၊ အလယ်တန်း ဝီလ်ရှိုင်းယား၊ ရှာခါ၊ မိတ်လန်းဒ်၊ အိုင်ဝိုဘီ၊ ရှေ့တန်း ဝဲလ်ဘက်၊ လာကာဇက်တီတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အိမ်ရှင် ဘုန်းမောက်က အနည်းငယ် အသာရခဲ့ပါတယ်။ ပထမပိုင်းမှာတော့ တဖက်နဲ့တဖက် ထိုးဖောက် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပြီး အာဆင်နယ်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၅၂ မိနစ်မှာ ဘယ်လာရင်က သွင်းယူပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဘုန်းမောက်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲချိန် မိနစ် ၇၀ မှာ ဝီလ်ဆန်နဲ့ ၇၄ မိနစ်မှာ အိုင်ဘီတို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲရှုံးနိမ့်တဲ့ အာဆင်နယ်အသင်းဟာ ရမှတ် ၃၉ မှတ်နဲ့ အဆင့် ၆ မှာပဲ ဆက်လက်ရပ်တည်နေပြီး ဘုန်းမောက်ကတော့ ၂၄ မှတ်နဲ့ အဆင့် ၁၃ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up