A d v e r t i s e m e n t With Us

သထုံမြို့တွင်​ ဘဏ်​လုံခြုံရေးဝန်​ထမ်းတ​ဦး ဆွဲကြိုးချ ​သေဆုံး

မွန်​ပြည်​နယ်​၊ သထုံမြို့၊ က​မ္ဘောဇဘဏ်​ခွဲ ၁ မှာ ဇန်​နဝါရီ ၁၃ ရက်​နေ့၊ ည ၇ နာရီလောက်က ဘဏ်​လုံခြုံရေးဝန်​ထမ်းတ​ဦး ဆွဲကြိုးချ​ သေဆုံးခဲ့တယ်လို့ သထုံမြို့မရဲစခန်းက ပြောပါတယ်။ သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက "ည ၇ နာရီဝန်းကျင်လောက်က ဘဏ်က ဖုန်းဆက်လာလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ သေဆုံးသူ အမျိုးသားက အသက် ၂၅ နှစ်ရှိပါပြီ။ လုံခြုံရေးဝန်ထမ်းအဆင့် ၁ လို့ ပြောပါတယ်။ ဘဏ်​ခွဲအ​နောက်​ဘက်​မှာရှိတဲ့ ထမင်းစားခန်း ပြတင်း​ပေါက်​တန်းမှာ ကြိုးဆွဲချ​ပြီး သေဆုံးနေခဲ့တာပါ" လို့ ပြောပါတယ်။ သေဆုံးသူ မျိုးဟိန်းသူ ၂၅ နှစ်၊ လုံခြုံရေးအဆင့် ၁၊ ကမ္ဘောဇဘဏ်ဝန်ထမ်းမှာ ၂၀၁၅ ခုနှစ်​မှ စတင်​ကာ ဘဏ်​ဝန်​ထမ်းအဖြစ် တာဝန်​ထမ်း​ဆောင်​ခဲ့ပြီး အိမ်​​ထောင်​သည် ​ကလေးအဖေတဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်နေ့က ဘဏ်အနောက်ဘက်ရှိ ထမင်းစားခန်း ​မြောက်​ဘက်​ခြမ်း၊ ပြတင်း​ပေါက် ​အမြင့် ၈ ​ပေရှိ အလူမီနီယံဘားတန်းမှာ ​ဆွဲကြိုးချ​ သေဆုံး​ခဲ့တာလို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ဆက်လက်စုံစမ်းနိုင်ဖို့အတွက် သထုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၈ ဖွင့်လှစ်ထားပါတယ်။ သတင်း - ယူမင်းစိုး

A d v e r t i s e m e n t With Us

More News
Up