မီနာကို ပေါင် ၁၀.၅ သန်းဖြင့် ဘာစီလိုနာ ခေါ်ယူ
ဘာစီလိုနာအသင်းဟာ ဘရာဇီးလ်ကလပ် ပဲလ်မီးရက်စ်အသင်းက အသက် ၂၃ နှစ်အရွယ်ရှိ ဗဟိုခံစစ်ကစားသမား ရီယီမီနာကို ပေါင် ၁၀ ဒသမ ၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။
မီနာကို ၅ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့ သူ့အနေနဲ့ များစွာသင်ယူရဦးမှာ ဖြစ်သလို အသင်းဖော်တွေဆီကနေလည်း အတွေ့အကြုံ ပြန်လည်ဝေမျှမှုတွေ ရရှိဖို့ မျှော်လင့်နေပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ကျစ်လျစ်တဲ့ အသင်းတသင်းဖြစ်သလို မက်ဆီ၊ ပီကေး၊ အမ်တီတီ၊ မာရှေးယာနို အစရှိတဲ့ ကစားသမားတွေဆီကနေ အတွေ့အကြုံတွေ ရရှိလိုတယ်လို့ ဆိုပါတယ်။
ဘာစီလိုနာအသင်းဟာ မကြာသေးတဲ့အချိန်ကလည်း လီဗာပူးတောင်ပံကစားသမား ကော်တင်ဟို ကို ပေါင် ၁၄၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။