ကာ့ဒ်စစ်သွေးကြွများကို ချေမှုန်းသွားမည်ဟု တူရကီသမ္မတပြော

1.1K
အိမ်နီးချင်း ဆီးရီးယားနိုင်ငံ “အာဖရင်” ဒေသရှိ ကာ့ဒ်လူမျိုး စစ်သွေးကြွတွေကို ချေမှုန်း တိုက်ခိုက်သွားမယ်လို့ တူရကီသမ္မတ တေယစ်အာဒိုဂန်က ပြောကြားလိုက်ပါတယ်။
ဇန်န၀ါရီလ ၁၃ ရက်က AKP ပါတီ ထောက်ခံသူတွေကို ပြောကြားရာမှာ သမ္မတ အာဒိုဂန် က “အာဖရင်ဒေသက အကြမ်းဖက်သမားတွေ လက်နက်မချဘူးဆိုရင် ကျနော်တို့ ချေမှုန်း သွားမှာဖြစ်ပါတယ်။ မန်ဘစ်ဒေသမှာ သူတို့ ကတိဖျက်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းသွားမှာပါ။ အီရတ်နယ်စပ်မှာ အကြမ်းဖက်သမားတွေ တယောက်မှ မကျန်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အစ်ဒလစ်ပြည်နယ်မှာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတဲ့ တူရကီစစ်တပ်ဟာ အိမ်နီးချင်း “အာဖရင်” ဒေသကို ထိန်းချုပ်ထားတဲ့ ကာ့ဒ်လူမျိုး စစ်သွေးကြွတွေကို တိုက်ခိုက်သွားမှာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။