Home
မြန်မာသတင်း
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် အမိန့်ချခံရပြီး ၁ လအကြာ ထောင်တွင်းဆေးရုံ၌ ကွယ်လွန်
ပိုင်စိုး
·
January 14, 2018
  အင်းဝအပ်​ချုပ်​ဆိုင်​ပိုင်​ရှင်​ ​ဒေါ်တင်​သူဇာဟာ ထောင်ဒဏ်ချမှတ်ခံရပြီး ၁ လအကြာ ဒီနေ့မနက်ပိုင်းမှာပဲ အင်းစိန်ထောင်တွင်းဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ သူ့ရဲ့ သမီးဖြစ်သူ မသီရိလတ်က “ဆီးခ်ျို၊ နှလုံးရောဂါတွေနဲ့ ဆုံးတာပါ။ အခု နေ့လယ် ၂ နာရီ သင်္ဂြိုဟ်မှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်တင်သူဇာဟာ အိမ်အကူမိန်းကလေးကို နှိပ်စက်မှုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ကပဲ ထောင်ဒဏ် ၁၆ နှစ်နဲ့ ၁ လ ပြစ်ဒဏ်ကျခံထားတာ ဖြစ်ပါတယ်။ သူနဲ့အတူ မိသားစုဝင်တချို့လည်း ပြစ်ဒဏ်အသီးသီးကျခံနေရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024