အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် အမိန့်ချခံရပြီး ၁ လအကြာ ထောင်တွင်းဆေးရုံ၌ ကွယ်လွန်
ပိုင်စိုး
·
January 14, 2018
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာဟာ ထောင်ဒဏ်ချမှတ်ခံရပြီး ၁ လအကြာ ဒီနေ့မနက်ပိုင်းမှာပဲ အင်းစိန်ထောင်တွင်းဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
သူ့ရဲ့ သမီးဖြစ်သူ မသီရိလတ်က “ဆီးခ်ျို၊ နှလုံးရောဂါတွေနဲ့ ဆုံးတာပါ။ အခု နေ့လယ် ၂ နာရီ သင်္ဂြိုဟ်မှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်တင်သူဇာဟာ အိမ်အကူမိန်းကလေးကို နှိပ်စက်မှုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ကပဲ ထောင်ဒဏ် ၁၆ နှစ်နဲ့ ၁ လ ပြစ်ဒဏ်ကျခံထားတာ ဖြစ်ပါတယ်။
သူနဲ့အတူ မိသားစုဝင်တချို့လည်း ပြစ်ဒဏ်အသီးသီးကျခံနေရတာ ဖြစ်ပါတယ်။