သံတောင်ကြီးတောင်ပေါ်စခန်းမြို့ နော်ဘူဘောဆုတောင်းတောင် (ဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
January 14, 2018
ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၈၂၄ ပေမှာရှိတဲ့ နော်ဘူဘော ဆုတောင်းတောင်ကို နေ့စဉ်လည်ပတ်သူရာချီရှိတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။
နော်ဘူဘောဆုတောင်းတောင်ဟာ ကရင်ပြည်နယ် သံတောင်ကြီးတောင်ပေါ်စခန်းမြို့မှာ တည်ရှိပြီးအေးမြတဲ့ရာသီဥတုကြောင့် ပြည်တွင်းခရီးသည်တွေ လည်ပတ်မှုများပါတယ်။
ဒါ့အပြင် ဟိုတယ်ခရီးဌာနကလည်း B and B လို့ခေါ်တဲ့ အိပ်ရာနဲ့ ဘရိန်ဖတ်အစီအစဉ်ကို သံတောင်ကြီးဒေသမှာခွင့်ပြုထားတာကြောင့် ပြည်တွင်းသာမက ပြည်ပဧည့်သည်တချို့လည်း လာရောက်လည်ပတ်ကြပါတယ်။
ကရင်လူမျိုးတွေကတော့ နော်ဘူဘောတောင်ကို ဝတ်ပြုဆုတောင်းဖို့ မကြာခဏ လာရောက်ကြပြီး ကရင်နှစ်သစ်ကူးကျင်းပရာ အထူးအမြတ်တောင်လို့ သတ်မှတ်ထားကြပါတယ်။