Home
မြန်မာသတင်း
မြိတ်မြို့ရှိ ကျူးကျော်များကို အငှားအိမ်ရာစနစ် ချပေးမည်
DVB
·
January 14, 2018
26239042_1203428029801314_4621210626370917853_n
26230563_1203428623134588_9166057255041914687_n
26229626_1203428723134578_786705493139597208_n
24129951_1203428106467973_5249738246511232571_n
  မြိတ်မြို့ရှိ ကျူးကျော်တွေကို ဦးစားပေးပြီး အခန်းပေါင်း ၁၆၈ ခန်းရှိ ပင်လုံအိမ်ရာမှာ အငှားအိမ်ရာစနစ် ချပေးမှာဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဇန်န၀ါရီ ၁၃ ရက်နေ့ အိမ်ရာဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။ လက်ရှိအနေထားမှာ ၄ လွှာအထိရှိတဲ့ အိမ်ရာ ၂ လုံးပြီးစီးနေပြီဖြစ်ရာ မြေယာမဲ့ ကျူးကျော်တွေကို စာရင်းစတင်ကောက်ယူပြီး စနစ်တကျနေရာချထားပေးဖို့ ၀န်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ “ကျမ အနေနဲ့ သေသေချာချာ စိစစ်ပေးစေချင်ပါတယ်။ အခုဆိုရင် နောက်ထပ် ဆောက်မယ့် အဆောက်အအုံက ၅ လုံး၊ လက်ရှိအဆောက်အအုံ ၂ လုံး၊ အားလုံးအခန်းပေါင်း ၁၆၈ ခန်းရှိလာမှာဖြစ်ပြီး မိသားစု ၁၆၈ စုကို အိမ်နေရာပေးမှာဖြစ်ပါတယ်။ သက်ဆိုင်ရာလူကြီးတွေက ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ ပြည်သူတွေအတွက် ကွက်လပ်ဖြည့်တယ်ဆိုတာ ထိရောက်မှုရှိဖို့ လိုအပ်တယ်။ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို ရောက်ရှိဖို့ လိုအပ်ပါတယ်။” တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျူးကျော်အများဆုံးမှာ မြိတ်မြို့ကဖြစ်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကလည်း တနေ့တခြားများပြားလာနေတဲ့ ကျူးကျော်တွေကို ခက်ခဲစွာ ထိန်းကျောင်းနေရကြောင်း ၀န်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ကြပါတယ်။ အခုဆောက်လုပ်ထားတဲ့ အငှားအိမ်ရာ စီမံကိန်းကို တခန်းကို ကျပ် ၃ သောင်းနှုန်းနဲ့ လစဉ်အခန်းခ ပေးသွင်းရမယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024