ရခိုင် ၈ မြို့နယ်တွင် ၂ ရက်ကြာ မီးပြတ်တောက်မည်

1.6K
ရခိုင်ပြည်နယ် မြို့နယ် ၈ မြို့နယ်မှာ လျှစ်စစ်ဓာတ်အားလိုင်းပြုပြင်နေလို့ လျှစ်စစ် ဓာတ်အားမီး ၂ ရက်ကြာပျက်မယ်လို့ ရခိုင်ပြည်နယ်လျှစ်စစ်ဌာနက ပြောပါတယ်။
ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ကြီးဇေယျာက “ဒီကနေ့မနက် ၆ နာရီကနေ မီးစပျက်ပါတယ်။ စနေမနက် ၆ နာရီကနေ ညနေ ၆ နာရီအထိတကြိမ်၊ တနင်္ဂနွေမနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ တကြိမ် မီးပျက်မှာဖြစ်ပါတယ်။ ၂ ရက်ကြာမီးပျက်ပါမယ်” လို့ ပြောပါတယ်။
၂ ရက်ကြာ မီးပျက်မယ့် မြို့နယ်တွေမှာ အမ်းမြို့နယ်အပါအဝင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့ဖြစ်တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကျေးရွာပေါင်း ၃၇၆၂ ရွာရှိပြီး လက်ရှိ အချိန်ထိ ၁၆၈၉ ရွာ မီးရရှိပြီ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ မီးမရရှိသေးတဲ့ ကျေးရွာပေါင်း ၂၀၇၃ ရွာသာကျန်ရှိနေပြီး မီးရရှိရေးအတွက် ဓာတ်အားပေးစနစ် ပိုမိုကောင်းအောင် ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာမှူးကြီးကြီးဇေယျာက ပြောပါတယ်။