ဂျပန်ရှိ ကြက်မွေးမြူရေးခြံမှ ကြက်ကောင်ရေ ၉ သောင်းကျော် သုတ်သင်ရှင်းလင်း

1.8K
ဂျပန်နိုင်ငံ အနောက်ပိုင်း ခငါ့ဝါ့ခရိုင်က ကြက်မွေးမြူရေးခြံမှာ ကြက်ကောင်ရေ ကိုးသောင်း တထောင်ကို ဒီနေ့ စပြီး ရွေးချယ် သုတ်သင်နေပါတယ်။
ကူးစက်နှုန်း မြင့်မားတဲ့ ငှက်တုပ်ကွေး ပုံစံတမျိုးကို တွေ့ခဲ့အပြီး ခုလို သုတ်သင်ခဲ့တာပါ။
စနုခိမြို့ ကြက်မွေးမြူရေးခြံက ကြက်တွေမှာ ကူးစက်နှုန်းမြင့်တဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် ရှိနေတာကို စမ်းသပ် အတည်ပြုခဲ့တယ်လို့ ဒေသန္တရ အစိုးရနဲ့ စိုက်ပျိုးရေး သစ်တောနဲ့ ငါးလုပ်ငန်း ဝန်ကြီးဌာနတို့က ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံအထဲ ဒီနှစ် ဆောင်းရာသီမှာ ကြက်မွေးမြူရေး ကဏ္ဍအတွင်း ငှက်တုပ်ကွေး ကူးစက်မှုအတွက် ပထမဆုံးအကြိမ် အတည်ပြုတာလည်း ဖြစ်ပါတယ်။
မနှစ်က မတ်လက နောက်ဆုံး ကူးစက်မှု ဖြစ်ခဲ့တာပါ။
၂၀၁၆ နိုဝင်ဘာကနေ ၂၀၁၇ မတ်လ အတွင်း ဂျပန်နိုင်ငံမှာ H5N6 ငှက်တုပ်ကွေးကြောင့် ကြက်ကောင်ရေ စုစုပေါင်း ၁ ဒသမ ၆၇ သန်းကို ရှင်းလင်း သုတ်သင်ခဲ့ရတယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။