Home
မြန်မာသတင်း
ပြန်ကြားရေးဝန်ကြီးဌာနက ဒီဂျစ်တယ်သတင်းစာနှင့် News Portal မိတ်ဆက်
နေဖြိုးဝင်း
·
January 13, 2018
ပြန်ကြားရေးဝန်ကြီးဌာနက ဒီဂျစ်တယ်သတင်းစာနဲ့ News Portal မိတ်ဆက်ပွဲကို  နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ Mega Link ကုမ္ပဏီပူးပေါင်းပြီး နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်း စာနဲ့ ပြင်ပကုမ္ပဏီတခုတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Global News Light Of Myanmar သတင်းစာသုံး စောင်ကို ဒီဂျစ်တယ်သတင်းအနေနဲ့ စတင်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ကမ္ဘာမှာလည်း ပုံနှိပ်မီဒီယာကျဆင်းလာသလို မြန်မာနိုင်ငံမှာလည်း ပုံနှိပ်မီဒီယာ အသုံးပြုနေသေးမယ့် အွန်လိုင်းမီဒီယာအသုံးပြုမှု များပြားလာတာကြောင့် ၀န်ကြီးဌာနအနေနဲ့လည်း အများနည်းတူလုပ်ကိုင်တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။ ပြည်သူကို ၀န်ဆောင်မှုပေးဖို့ လုပ်ငန်းတိုးချဲ့တဲ့သဘောဖြစ်ပြီး ပုဂ္ဂလိက မီဒီယာတွေကို ယှဉ်ပြိုင်တာမဟုတ်ဘူးလို့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူးက ဆိုပါတယ်။ “ပြင်ပ ပုဂ္ဂလိကမီဒီယာတွေကို ယှဉ်ပြိုင်တဲ့ သဘောမဟုတ်ပါဘူး။ ကျနော်တို့က ကျနော်တို့လုပ်ရမယ့် အလုပ်ကို စာဖတ်ပရိသတ်နဲ့ ပြည်သူကို ၀န်ဆောင်မှုပေးတဲ့အလုပ်ကို တာဝန်ထမ်းဆောင်တာသာ ဖြစ်ပါတယ်။ ဒါယှဉ်ပြိုင်တာ၊ ပြိုင်ဆိုင်တာ မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်။ ကျနော်တို့က ကြေညာရဖို့ စီးပွားရေးလုပ်ငန်းကို အဓိကလုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်ကိုက ပြန်ကြားပေးတာ၊ ဖျော်ဖြေပေးတာ၊ ပေါင်း ကူးတံတာအဖြစ် ဆောက်ရွက်ပေးတာဖြစ်တဲ့အတွက် ပုဂ္ဂိလိကမီဒီယာတွေနဲ့အတူ ယှဉ်ပြိုင်ပြီးတော့ ဆောင်ရွက်တာမဟုတ်ပါဘူး။ ကျနော်တို့ဘက်ကလည်း သတင်းတွေ ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် ကြိုးစားဆောင် ရွက်တာဖြစ်ပါတယ်။ ပြိုင်ဆိုင်တာ၊ ယှဉ်ပြိုင်တာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းလေး နားစေချင်ပါတယ်” ဦးဆောင်ညွန်ကြားရေးမှုး ဦးကျော်စိုးက ပြောပါတယ်။ Megalink ကုမ္ပဏီအနေနဲ့ နည်းပညာပိုင်းနဲ့ ပတ်သက်တာကိုပဲ အကျိုးတူပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အကျိုးအမြတ်အနေနဲ့ အများကြီးမျှော်လင့်မထားဘူးလို့ ကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်သူ ဦးမောင်ဟိန်းက ဆိုပါတယ်။ “အခုပြန်ကြားရေးဝန်ကြီးဌာနနဲ့ လုပ်တဲ့ဟာမှာ အကျိုးအမြတ်အများကြီးရဖို့ မရှိပါဘူး။ ကျနော်တို့ တတ်နိုင်သလောက် ပါဝင်ဖြည့်ဆည်းပေးတာပါ။ ကျနော်တို့က မီဒီယာမဟုတ်ပါဘူး၊ နည်းပညာပိုင်းပါ ” လို့ ဦးမောင်ဟိန်းက ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ၅၅ ရာခိုင်နှုန်းနဲ့ Mega Link ကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနဲ့ အကျိုးတူပူးပေါင်းဆောင် ရွက်မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024