ဟွန်ဒူးရပ်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်

1.4K
ဟွန်းဒူးရပ်စ်နိုင်ငံမြို့တော် တယ်ဂူစီဂါလ်ပါမှာ သမ္မတရွေးကောက်ပွဲရလဒ်ကို မကျေနပ်လို့ ဆန္ဒပြသူတွေနဲ့ အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ဇန်န၀ါရီ ၁၂ ရက်နေ့က အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။
သမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ်က ထပ်မံအနိုင်ရခဲ့တဲ့ လတ်တလော ရွေးကောက်ပွဲကို အစိုးရအတိုက်အခံတွေက လက်မခံနိုင်ကြပါဘူး။
ဒါကြောင့် သူတို့က အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေနဲ့ ပြန်ဖြိုခွဲဖို့ကြိုးစားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲလိမ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ဆန္ဒပြခဲ့တာပါ။
ဆန္ဒပြသူတွေဟာ မြို့တော်တွင်း မဲရီးယော့ ဟိုတယ်ထဲက ပရိဘောဂပစ္စည်းတွေကို မီးရှို့ဖျက်စီးဖို့ ကြိုးစားခဲ့ကြတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
ဟွန်ဒူးရပ်စ် ရွေးကောက်ပွဲ တရားရုံးရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သမ္မတ ဟာနန်ဒက်ဇ်ဟာ ပြိုင်ဘက်ဖြစ်တဲ့ ဆာလ်ဗာဒါ နပ်စ်ရာလာကို မဲအရေအတွက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းအသာနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲကျင်းပရေး တာဝန်ရှိသူတွေက မဲရေတွက်မှုကို အမှတ်မထင် မရပ်ဆိုင်းချိန်အထိ ကနေဦး မဲရေတွက်မှုမှာ နပ်စ်ရာလာက မဲနိုင်နေခဲ့တာပါ။
ရွေးကောက်ပွဲ ပြီးတဲ့နောက် ဆန္ဒပြမှုတွေကြောင့် ရဲအရာရှိ ၂ နှစ်ဦးအပါအ၀င် သေဆုံးသူ အယောက်၂၀ အထိရှိနေပြီလို့ မီဒီယာ တွေက အစီရင်ခံပါတယ်။