မီးလောင်နေဆဲ ရေနံတင်သင်္ဘောကြီး ဂျပန်အထူးစီးပွားရေးဇုန်ထဲ မျောလာ (ရုပ်သံ)

1.5K
မီးလောင်နေဆဲ အီရန်ရေနံတင်သင်္ဘောဟာ ရေစီးကြောင်းနဲ့လေပြင်းကြောင့် ဂျပန်အထူးစီးပွားဇုန်းထဲ မျောလာခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ဇန်န၀ါရီ ၁၂ ရက်မှာ ပြောပါတယ်။
ရေနံတင်သင်္ဘောဟာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း တောင်ဘက် ၂၅ မိုင်အထိ နေရာရွေ့ခဲ့တယ်လို့ တရုတ်အစိုးရရုပ်သံ သတင်းဌာနက ဖော်ပြပါတယ်။
ရုပ်သံထဲမှာ ကယ်ဆယ်ရေး ရေယာဉ် ၁၄ စင်းနီးပါးဟာ ရေနံတင် သင်္ဘောပေါ်က ပျောက်ဆုံးသင်္ဘောသားတွေကို ရှာဖွေနေပြီး လောင်နေဆဲ မီးကိုလည်း ငြှိမ်းဖို့ ကြိုးစားနေပါတယ်။
ရေနံစိမ်းစည် ၁ သန်းနီးပါးတင်လာတဲ့ ဒီသင်္ဘောဟာ အရှေ့တရုတ်ပင်လယ်မှာ အခြားသင်္ဘောတစ်စင်းနဲ့ တိုက်မိပြီး ကတည်းက မီးလောင်နေတာ သီတင်းပတ် တစ်ပတ်နီးပါးကြာနေပါ။
ရုပ်သံ - စီဂျီတီအန်