ဘရာဇီးတွင် သယ်ယူပို့ဆောင်ရေး လက်မှတ်ခဈေးတက်သဖြင့် ပြည်သူများ ဆန္ဒပြ

1.2K
ဘရာဇီးနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးအတွက် လက်မှတ်ခဈေးတက်လို့ ဆန္ဒပြနေကြပါတယ်။
ဘရာဇီးနိုင်ငံ ဆောင်ပါလိုမြို့က လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ ချီတက်နေတာကို ဇန်န၀ါရီ ၁၁ ရက်နေ့က တွေ့ရတာပါ။
မြို့တွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် လက်မှတ်ခဈေးတက်လို့ စိုးရိမ်ကြောင်းပြသရင်း ဆန္ဒပြတာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က စပြီး လက်မှတ်ခကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ ကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၄ ထိ နဲ့ ညီမျှတဲ့ ဘရာဇီး ရီယယ်ငွေ ၃ ဒသမ ၈ ဒေါ်လာကနေ ၄ ဒေါ်လာထိ တိုးမြှင့် ခဲ့တာပါ။
“ပြား ၂၀ ကလည်း မတန်တဆများတာပဲ။ လူတွေက အိမ်အတွက် ပစ္စည်းတွေ ဝယ်နိုင်တော့မှာ မဟုတ်ဘူး။ ဝင်ငွေနိမ့် ပြည်သူတွေအတွက် သက်ရောက်မှု ကြီးတယ်” လို့ ဆန္ဒပြသူ တဦးက ပြောပါတယ်။
ဒီငွေဟာ ပရမ်းပတာ ဖြစ်ရတာနဲ့ မတန်ဘူးလို့ နောက်ဆန္ဒပြသူ တယောက်က ပြောပါတယ်။
အခမဲ့ ဖြတ်သန်းခွင့် လှုပ်ရှားမှုအဖွဲ့က ဒီဆန္ဒပြပွဲကို စီစဉ်ခဲ့တာပါ။ ဆန္ဒပြပွဲဟာ ဆောင်ပါလိုစည်ပင် ပြဇာတ်ရုံရှေ့မှာ စတင်ပြီး ပရာကာဒါစေ ရင်ပြင်တလျှောက် ချီတက် ခဲ့ကြပါတယ်။