Home
မြန်မာသတင်း
ရွှေသောင်ယံကမ်းခြေတွင် ဝေလငါးကြီး အသေတွေ့ရှိ
DVB
·
January 13, 2018
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ ကမ်းခြေမှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက ဝေလငါးအသေတကောင် တွေ့ရှိခဲ့တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ဒေသခံ ဦးဇေလတ်က ဝေလငါး အသေတစ်ကောင် တွေ့ရှိကြောင်း အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားလို့ တာဝန်ရှိသူတွေ သွားရောက် ကြည့်ရှုစစ်ဆေးရာ ဝေလငါးအထီး ဖြစ်ပြီး အရှည်ပေ ၂ဝ၊ လုံးပတ် ၉ ပေ၊ ဆူးတောင် ၂၅ လက်မ၊ အမြီးအရှည် လေးပေ ခန့်မှန်းပိဿာချိန် ၁၅ဝ လောက် ရှိတဲ့ သေဆုံး ဝေလငါးကြီးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ဝေလငါးကြီးကို အမှတ် ၃ ရပ် ကွက်ရှိ မြေလွတ်နေရာမှာ မြှုပ်နှံသွားမှာဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနက အရိုးရယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ သတင်းနှင်ဓာတ်ပုံ - ကိုကိုမောင်(ပြန်/ဆက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024