နည်းပြသစ်ရှာဖွေရေး ချဲလ်ဆီးအသင်း စတင်လုပ်ဆောင်

1.3K
ချဲလ်ဆီးအသင်းဟာ ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲဖို့ရှိနေတဲ့ နည်းပြ ကွန်တီရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြသစ်ရှာဖွေမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကွန်တီဟာ ချဲလ်ဆီးအသင်းနဲ့ ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် အသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်နေတာပါ။
ချဲလ်ဆီးအသင်းဟာ ကွန်တီရဲ့ နေရာမှာ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ၊ ဘာစီလိုနာ နည်းပြဟောင်း လူးဝစ်အင်းနရစ်တို့ကို အဓိက ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြဟောင်း အန်စလော့တီကို ပြန်လည်ခေါ်ယူမှာ မဟုတ်ပေမယ့် အယ်လီဂရီ၊ အင်းနရစ်တို့နဲ့ အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင် နာပိုလီနည်းပြ မာရီဇီယိုကိုလည်း လျာထားတယ်လို့ ဆိုပါတယ်။