ဝဲလ်ကော့ကို ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရန် အဲဗာတန် ဆွေးနွေး
အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ကော့ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ အဲဗာတန် နည်းပြ ဆမ်အလာဒိုက်စ်က အတည်ပြုပြောကြားလိုက်ပါတယ်။
အသက် ၂၈ နှစ်ရှိ အင်္ဂလန် တိုက်စစ်မှူး ၀ဲလ်ကော့ဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ဒီနှစ်ဘောလုံးရာသီမှာ ၁၄ ပွဲပဲ ကစားခဲ့ရတာပါ။
ဝဲလ်ကော့ဟာ အတွေ့အကြုံရှိတဲ့ ကစားသမားဖြစ်ပြီး တောင်ပံတွေက ဖြတ်တင် ဘောတွေနဲ့ ဂိုးဖန်တီးမူတွေ ပြုလုပ်နိုင်တဲ့အပြင် နေရာလွတ်ရှာဖွေရာမှာလည်း ကောင်းမွန်လို့ သူ့ကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် အသင်းတိုက်စစ် ပိုကာင်းလာမယ်လို့ ဆမ်အလာဒိုက်စ်က ပြောပါတယ်။
ဝဲလ်ကော့အနေနဲ့ ကမ္ဘာ့ဖလားကစားမယ့် အင်္ဂလန်အသင်းလူစာရင်းမှာ ပြန်လည်ပါဝင် ကစားလိုတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် အသင်းပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။
အသက် ၂၈ နှစ်ရှိ ၀ဲလ်ကော့ဟာ ၂၀၀၆ ခုနှစ်ကတည်းက အာဆင်နယ်ကို ရောက်ရှိနေတာဖြစ်ပြီး စုစုပေါင်း ၃၉၅ ပွဲမှာ ၁၀၈ ဂိုးအထိ သွင်းယူထားပါတယ်။