Home
မြန်မာသတင်း
မိတ္ထီလာတွင် လင်မယားစကားများ၍ ဇနီးဖြစ်သူ ဆွဲကြိုးချသေဆုံး
DVB
·
January 12, 2018
မိတ္ထီလာမြို့နယ်၊ ဆင်မီးရွာမှာ ဇန်န၀ါရီ ၁၁ ရက်နေ့လယ်ပိုင်းက လင်မယားစကားများပြီး ဇနီးဖြစ်သူ ဆွဲကြိုးချသေဆုံးသွားတယ်လို့ မိတ္ထီလာအမှတ် ၃ ရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဆင်မီးရွာနေ ကိုမောင်စိုးနဲ့ မထွေးထွေးခိုင်တို့ လင်မဟား ၂ ဦး စကားများကြပြီး မထွေးထွေးခိုင် နေအိမ်အနောက်ခန်းထဲဝင်ကာ ဆွဲကြိုးချသေဆုံးခဲ့တာလို့ ရဲအရာရှိကဆိုပါတယ်။ မိတ္ထီလာအမှတ်(၃)စခန်းမှူးရဲအုပ်ဇော်လွင်က “မထွေးထွေးခိုင်မှာ ပြင်ပဒဏ်ရာတော့ မတွေ့ရပါဘူး။ အမြင့် ၁၀ ပေလောက်ရှိတဲ့ ထုပ်တန်းကနေ ချည်ကြိုးနဲ့ ဆွဲကြိုးချသေတယ်။ ခြေထောက်နဲ့ကြမ်းပြင်နဲ့ ၅ လက်မလောက်တော့ လွတ်နေတယ် သေဆုံးပြီးမှ လူဝိတ်ကြောင့် ကြိုးပြတ်ကျတယ် ဒုန်း ဆိုတဲ့ အသံထွက်လာတာပေါ့။ စစ်ဆေးဖို့ မိတ္ထီလာဆေးရုံပို့တယ်” လို့ ပြောပါတယ်။ မိတ္ထီလာအမှတ်(၃)ရဲစခန်းက သေမှုသေခင်းအမှတ် ၁/၂၀၁၈ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024