နာမည်ကြီး ပေါ့ပ်အဆိုကျော် ဆလင်းဒီယွန် ဘန်ကောက်တွင် ပထမဆုံး ဖျော်ဖြေမည်

ဓာတ်ပုံ - Celine Dion/Facebook
နာမည်ကြီး ကနေဒါပေါ့ပ်အဆိုတော်တဦးဖြစ်တဲ့ ဆလင်းဒီယွန်ရဲ့ ဂီတဖျော်ဖြေပွဲကို ထိုင်းနိုင်ငံမှာ ပြုလုပ်သွားမယ်လို့ ခေါင်ဆွတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ My Heart Will Go On, The Power of Love နဲ့ It’s All Coming Back to Me Now စတဲ့ သီချင်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ ဆလင်းဒီယွန်ဟာ ဘန်ကောက်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် လာရောက်ဖျော်ဖြေမယ်လို့ ဘက်ထရိုအန်တာတိန်းမန့်က ဒီကနေ့မနက်ပိုင်းမှာ အတည်ပြု ပြောကြားလိုက်တာပါ။ သူ့ရဲ့ ဂီတဖျော်ဖြေပွဲကို လာမယ့် ဇူလိုင် ၂၃ ရက်နေ့မှာ မောင်ထုံဌာနီခရိုင်တွင်းက Impact အားကစားရုံမှာ ကျင်းပသွားမှာပါ။ လက်မှတ်ဈေးနှုန်းတွေကတော့ ဘတ် ၂ ထောင်ကနေ စတင်မှာဖြစ်ကာ လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့ကစပြီး ThaiTicketMajor မှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဆလင်းဒီယွန်အနေနဲ့ ဘန်ကောက်ဟာ တခုတည်းသော အာရှဖျော်ဖြေပွဲမဟုတ်ဘဲ မနီလာ၊ စင်ကာပူ၊ ဂျကာတာနဲ့ တိုင်ပေမြို့တွေဆီလည်း နယ်လှည့် ဆက်တိုက်ဖျော်ဖြေမှုတွေ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up