A d v e r t i s e m e n t With Us

ငြိမ်းစုစီဖြင့် တရားစွဲခံရသည့် လူငယ်​ ၅ ဦးကို ​ထောင်​ဒဏ်​ ရက်​ ​၂၀ ချမှတ်

ဒီဇင်​ဘာလ ၂၂ ရက်​​နေ့က ကရင်​နီအမျိုးသား တိုးတက်​​ရေးပါတီ (​ကေအန်​ပီပီ) ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦး ​သေဆုံးမှုအ​ပေါ် အမှန်​တရား​ပေါ်​ပေါက်​ဖို့ ဆန္ဒထုတ်​​ဖော်​ ​တောင်းဆိုခဲ့တဲ့ လူငယ်​ ၅ ဦးကို ဒီ​နေ့ လွိုင်​​ကော်​မြို့နယ်​ တရားရုံးက ​ထောင်​ဒဏ်​ ရက်​ ၂၀ ချမှတ်​လိုက်​ပါတယ်​။ ကယားပြည်​နယ်​ ​ဒေသကွပ်​ကဲမှု စစ်​ဌာနချုပ်​ (ဒကစ) လွိုင်​​ကော်​ လက်​​အောက်​ခံတပ်​က လွိုင်​​ကော်​မြို့နယ်​ရှိ ​ ပါ​လောင်းကျေးရွာနဲ့ ​ဒေါတခြား​ကျေးရွာကြားရှိ ကရင်​နီအမျိုးသား တိုး​တက်ရေးပါတီရဲ့ ယာယီ ၇ မိုင်​ ဂိတ်​က ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးကို မြန်​မာ့တပ်မ​တော်​က ဒီဇင်​ဘာလ ၂၀ ရက်​​နေ့က သတ်​ဖြတ်​ခဲ့တာ​ကြောင့် အမှန်တရား​​​ ပေါ်​ပေါက်​ဖို့ ​တောင်းဆိုခဲ့တဲ့ လူငယ်​ ၅ ဦး ခုလို တရားစွဲဆို ခံရပြီး ​ထောင်​ဒဏ်​ ရက်​ ၂၀ ချမှတ်​ ခံရတာပါ။ ဒီကိစ္စအ​ပေါ် အရပ်​ဘက်​ ၆ ဖွဲ့က ကန့်​ကွက်​ရှုတ်​ချ​ကြောင်း ​သ​ဘောထား ထုတ်​ပြန်​ထားပြီး မြန်​မာနိုင်​ငံတဝန်းလုံးရှိ အရပ်​ဘက်​ အဖွဲ့အစည်း ၁၆၃ ဖွဲ့က​ ထောက်​ခံဝန်းရံကြတယ်​လို့ သိရပါတယ်​။ ကယားပြည်​နယ်​က လက်​နက်​ကိုင်​ အဖွဲ့အစည်း ၂ ဖွဲ့ဖြစ်​တဲ့ ကရင်​နီပြည်​လူမျိုး​ပေါင်းစုံ ပြည်​သူ့လွတ်​​မြောက်​​ရေးတပ်​ဦး (ကလလတ)နဲ့ ကယန်းပြည်​သစ်​ပါတီ (​ကေအန်​အယ်​ပီ)က ဖမ်းဆီး ခံထားရတဲ့ လူငယ်​ ၅ ဦး ခြွင်းချက်​မရှိ ချက်​ချင်းလွှတ်​​ပေးဖို့ ပူးတွဲ​ကြေညာချက်​ ထုတ်​ပြန်​ထားပါတယ်​။ သတင်း - ခွန်းတူးတူး​လေး

A d v e r t i s e m e n t With Us

More News
Up